အလွမ်းနေ့ရက်တွေ ရှည်ကြာလွန်းခဲ့တာ အတော်ကြာခဲ့ပြီ…. တစ်နေ့နေ့ တစ်မြေ့မြေ့နဲ့ လောင်ကျွမ်းခဲ့တဲ့ အလွမ်း မီးတွေ မင်းနဲ့တွေ့မှ စ ခဲ့တာ မင်းသိပါစေ။… ချစ်တယ်လို့ ငါ့ပါစပ်က မထွက်တစ်ထွက်ပြောခဲ့တုန်းက နင် စိတ်တွေ လှုပ်ရှားနေခဲ့တာ ငါ့အတွက် ယနေ့ ထိ မရပ်တန့်နိုင်တဲ့ ရင်ခုန်သံ တေးတစ်ပုဒ်ပါဘဲ့………
မြတ်နိုးမှု တစ်စုံတစ်ရာ
မင်းအတွက် အဆင့်သင့်
နှလုံးသားလေး ကတစ်ဆင့်
ဆက်ကမ်း ပေးပါရစေ
ချစ်သူ….
မတတ်တစ်ခေါက်ပညာလေးနဲ့ ကဗျာတွေ ရေးရတာ မင်းကိုလွမ်းတဲ့စိတ်ကြောင့်လို့ သူသိစေချင်တယ်။ ဟိုး အရင်က အမြဲ ခိုးကြည့်ဖူုးခဲ့တဲ့ မျက်ဝန်းတစ်စုံ ဘယ်ဆီမှာ လိုက်လို့ ရှာရပါ့မလဲ…….
ကွယ်ပျောက်သွားပြီလား
ပျက်ပျယ်သွားပြီလား
မှုန်ဝါးသွားပြီလား
အတိတ်က ကြည်နူးခဲ့တာ
အနာဂတ်အဖြစ် ဖန်ဆင်မပေးနိုင်ဘူးလား
ခိုးကြည့်ခဲ့ဖူးခဲ့တဲ့ မျက်ဝန်းလေး
အိမ်မက်ထဲမှာဘဲ့ မနေပါနဲ့
အလွမ်းတွေ ဖြေဖျောက်ပေးဖို့
အဆင်သင့်ဖြစ်သင့်နေပြီ ။
Monday, October 5, 2009
တမ်းတခဲ့ဖူးတဲ့မြတ်နိုးခြင်း
Posted by lovelyvirus at 8:45 AM 0 comments
Wednesday, September 9, 2009
လွမ်းမိတဲ့အကြောင်း
ည ၁၂ နာရီ သံချောင်းခေါက်သံ တိုးတိုး စိတ်ကူးကို ထိုးဖောက် နှောက်ယှက်လိုက်သည်။ အရင်က ပျော်ခဲ့ဖူးတဲ့ အကြောင်း အခုတော့ မျက်ရည် အဖြစ် ၀င်စားနေပါလား………. စိတ်ထဲ ဖျောက်ဖျက်မရ ဒီပုံရိပ်များ…
ငါ သတိရနေမိတယ်……နင်နဲ့ငါ ဝေးခဲ့ရတဲ့ အဖြစ်ကိုလေ အကြောင်းပြချက် ရှာမတွေ့ နိုင်အောင်ဘဲ့…..
ရက်စက်လိုက်တဲ့ လောကကြီး ……..ဒါပေမယ့် ငါမင်း ကို မမုန်းဘူး …မင်းရဲ့အနီးအနားက ပတ်ဝန်းကျင်ကို ဘဲ့ စိတ်နာမိတယ်……. ဘာလို့ အမျိုးမျိုး ကာဆီးကြတာလဲ……..
မင်းကိုစပြီး ရည်းစားစကားပြောတုန်းက မှတ်မိသေးတယ် ……နင့်ဒီတုန်းက ဘယ်လောက်ချစ်ဖို့ကောင်လဲ သိလား..
မြင်ယောင်မိတယ်….ငါ့နှလုံးသားကို အသက်ဝင်စေတဲ့ အပြုံးလေး မင်းတီထွင်ခဲ့တယ်လေ….
ငါပြောခဲ့တာ နင်မှတ်မိ ဦးမလား မသိဘူး… “တကယ်လို ငါတို့ ပြန်မဆုံတော့ဘူး ဆိုရင် နင်နဲ့ငါ့ လုံးဝမမေ့ကြေးဆိုတာလေ”
နင်နဲ့ငါ လက်သန်းချင်းချိန် ကတိပေးခဲ့ကြတယ်လေ……… ငါမှတ်မိသေးတယ် ငါအဲဒီတုန်းက ဘယ်လောက်ချစ်မိသွားလဲ မပြောတတ်အောင်ပါဘဲ့…….. အခုတော့ ငါကစချစ်ခဲ့တာဆိုတော့ ငါ လွမ်းနေရပြီ။ အလွမ်းတွေနေ့စဉ် အိပ်မက်ပေးနေသလို ဘဲ့ ခြောက်လန့်နေလိုက်တာ……အေးပေါ့လေ…
ဒီလိုနဲ့ နင်နဲ့ငါ အဝေးကွာဆုံး အဖြစ်အပျက်တွေ ကြိမ်စားမိသလို ဒဏ်ခတ်လိုက်ပါလေရော…. ငါငိုကြွေးမိတယ်… နင်နဲ့ အတူပျော်ခဲ့မိတဲ့ အချိန်တွေ ငါ့ကို ခြောက်လန့်နေတယ်…… ငါကြောက်နေမိတယ် မိုးခြိမ်းသံတွေကြားမှာပေါ့……..
နက်ဖန်သန်းခေါင်ယံ နင်အမေဆီကို ပြန်မယ်တဲ့… ငါမှာ ပြင်ဆင်ခွင့်မရခဲ့…………..ငါ ခွဲခွါရမှာ တွေးကြောက်နေခဲ့တယ်
နင်နဲ့အတူထိုင်ခဲ့တဲ့ နင်နဲ့အတူ လျှောက်ခဲ့တဲ့ နင်နဲ့အတူ စကားတွေပြောခဲ့တဲ့ အချိန်တွေ ဟာ ငါ့ဘ၀အတွက် မမေ့နိုင်တဲ့ ကြည်နူးခဲ့ရတဲ့ နေ့ရက်တွေပါ… မူလအရောင်အတိုင်း မပျက်ဆီးအောင် ငါနှလုံးသားမှာ ထာဝရ ဆေးမှင်ထိုးထားပါ့မယ်။။
ငါ သိခဲ့ရတယ် သိလား ……… အလွမ်းဆိုတာ ချစ်ခြင်းတွေရဲ့နောက်ကွယ်က အလိုလလျောက်လိုက်နေတဲ့ မကောင်းဆိုးဝါးကြီးပါလားလို့……..
ငါ အခု လွမ်းနေမိပြီ လွမ်းတယ်ဆိုတာကို အဓိပါယ် ရှိရှိခံစားတတ်နေပြီ။ ငါ့နဘေးမှာ နင် မရှိတော့ဘူးဆိုတာ ငါ အသိစိတ်က လက်ခံမိတဲ့အချိန် ငါ နောင်တရမိတယ်…အခု ငါ လွမ်းနေပြီ ။ ငါသိပ်မြတ်နိုးမိတဲ့ ချစ်ရသူ အတွက်ပေါ့..
နင်ပြောခဲ့တဲ့ စကားလုံးတွေ မှာ ‘ ပြန်မလာတော့ဘူး ‘ ဆိုတဲ့စကားလုံးက ငါတကယ်မထင်ထားခဲ့ဘူး ……….ငါ့နားထဲ အထပ်ထပ်ကြားယောင်နေမိတယ်………တွေးမိတိုင်းလဲ မျက်ရည်ဝဲခဲ့တယ်…. နင် သိလား …. ငါနင့်အတွက် တကယ်ခံစားမိတယ် …………. နင့်ကို ငါတကယ်ချစ်လို့ ပါ ……….
ဒါနဲ့ ငါပျော်ပါတယ်…. ဘာလို့ဆို နင်င့ါကို ငါမျှော်လင့်ထားခဲ့တဲ့ အဖြေပေးခဲ့တယ်လေ…… ‘နင့်ကိုငါချစ်တယ် ‘ လို့ နင်ပြောခဲ့တယ်လေ…… ဒီအချိန် ငါနင့်ကို လွမ်းသလို နင်လဲ လွမ်းနေမှာ သေချာတယ်……. ဘာလို့ဆို ငါတို့တွေက အချစ်စစ်အချစ်မှန်တွေ လေ…… ငါ့အတွက်တော့ နင့်ကို ချစ်ရတာ နင့်ကို လွမ်းရတာ အဓိပါယ် ပြည့်စုံပါပြီ။
နင့်ကိုလဲ ကျေးဇူးတင်မိတယ်……. သိလား
နင်အရာရာ ခွင့်လွတ်ပေးတတ်လို့လေ…. ငါနောက်မိတာ စမိတာ ကို နင်ခွင့်လွတ်ပေးတတ်တယ်လေ..အရာရာအတွက် နင့်ကို ငါမြတ်နိုးနေမှာပါ……… ငါ့ကိုယ်ငါထက်ပိုပြီးတော့လေ…….ဒါပေမယ့် ဒီလိုခွဲခွါခြင်းအတွက် မင်းနှလုံးသားမှာ အမြဲရှိပါစေလို့……………….
Posted by lovelyvirus at 8:47 AM 0 comments
Sunday, August 23, 2009
ကျွန်တော့်ကောင်မလေး
ကောင်မလေး……..ရေ
မိုးရွာရင် အချိန်မှန် ထထ အော်တတ်တဲ့
ဖားတစ်ကောင် မဟုတ်ပေမယ့်
မင်းလာရင် တစ်ဒိတ်ဒိတ်
ခုန်တတ်တဲ့…..
ငါ့နှလုံးသားကို မနေ့က
ဆေးရုံတင်လိုက်ရတယ်
ကောင်မလေးရေ……
မင့်နာမည် (စာလုံးသုံးလုံး) ကို
ကမာ့္ဘ အမွေအနှစ် အဖြစ် ထိန်းသိမ်းဖို့
Unicef အဖွဲ့ကြီးနဲ့ ငါ ရန်ဖြစ်ရလိမ့်မယ်။်
ကောင်မလေးရေ…….
ဧဒင်ဥယာဉ်ထဲက
ပန်းတစ်ပွင့်ကို မင်းအတွက်
ခူးလာခဲ့ပြီ…….
မင်း ရဲရဲ နမ်းရှိုက်စမ်းပါ။
မိုးသား
Posted by lovelyvirus at 7:29 AM 0 comments
Wednesday, August 19, 2009
မြတ်နိုးသူအတွက်
ဒီည မိုးတွေ အရမ်းရွာတဲ့ည….. .….ငါ အိပ်လို့်မပျော်ဘူး……… စိတ်တွေက တောင်ရောက် မြောက်ရောက် ……အထူးသဖြင့် နင့်ဆီကိုဘဲ့ ငါ့စိတ်တွေ ရောက်နေတယ်။ နင်ငါ့ကို လွမ်းမိုးသွားပြီလေ။ တကယ် နင့်ကို ချစ်မိသွားတဲ့ အချိန်ကစပြီး နင့်အရိပ်တွေကို မြင်ယောင်နေတယ် ပြီးတော့ နင့်အသံတွေ ကြားယောင်နေတယ် အခုလဲ မိုးတွေနဲ့အတူ မိုးသားထဲက နင့်အရိပ် ကို မြင်ယောင်နေတယ်။ နင် ငါ့ကို စိတ်ကူးယဉ် အရမ်းဆန်တဲ့သူလို့ ထင်လား….. မထင်ပါနဲ့ ချစ်သူ….. တစ်ချိန်တုန်းက အဲလို ချစ်ခဲ့ဖူးတဲ့သူတွေကို တွေ့တိုင်း ငါပျက်ရယ်ပြု ခဲ့တယ်….. အခုတော့ ငါ့အလှည့်ထင်ပါတယ်ဟယ်…. ငါဝဋ်များလည်လား မသိဘူး…အခု ငါ့စိတ်ထဲမှာ နင်ဘဲ့ ရှိတယ်…. အင်္ဂလိပ်လို ပြောရင်တော့ everywhere & every time ပေါ့။ အခုငါ ကြောက်နေတယ်သိလား…နင်ငါ့ကို ပြန်မချစ်မှာကို ပေါ့။
တကယ်လို့များ နင်ငါ့ကို ငြင်းလိုက်ရင်ဆိုတဲ့ အတွေးနဲ့ ငါအိပ်လို့မပျော်ဘူး……အဲဒီအတွေးက ငါ့ကို တစ္ဆေတစ်ကောင်ကို ခြောက်လန့်နေတယ်။ မောလိုက်တာ ချစ်သူရယ်…. မျှော်လင့်စောင့်စားနေရတဲ့ ကာလတစ်ခုကို ကြောက်ရွံ့တုန်လှုပ် မောပန်းစွာနဲ့ ငါ ဖြတ်သန်းနေတယ်…… ဒါကို နင် သိရဲ့လား….ချစ်သူ…….
ပြီးတော့လေ ….. ငါနင့်ကို အရမ်းလွမ်းတယ် သိလား….ချစ်တဲ့ဆိုတာ ဘာမှန်း မသိခင် လွမ်းဆွတ်ခြင်းဒဏ်ကို ငါ့နှလုံးသားမှာ စူးစူးနက်နက် ခံစားနေရတယ်…ချစ်သူ......... ချစ်သူနဲ့ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခကို မခံစားပါရစေနဲ့လို့ ငါ အကြိမ်ကြိမ် ဆုတောင်းနေမိတယ်……..ဆုတောင်းခြင်းကို မယုံကြည်ခဲ့တဲ့ငါ ဆုတောင်းတတ်နေပြီ သိလား………. အရာရာ အားလုံး နင့်ကြောင့်ပြောင်းလဲသွားတယ်လို့ ငါပြောပါရစေ…….နင်ဟာ ငါ့ကို ပြောင်းလဲစေနိုင်ခဲ့သူ….. ပြီးတော့ နင်ဟာ ငါ့ကို ချစ်တတ်စေခဲ့သူပါ။ တကယ်တော့ ခံစားမှု အစစ်တိုင်းဟာ စကားလုံးတွေရဲ့ ဘောင် အပြင်ဖက်မှာ ရှိတယ်…….. ကိုထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်လိုပေါ့…နင်လဲ နားထောင်ဖူးမှာပါ…… ‘စကားလုံးမဲ့တဲ့ ကောင်းကင်’ လေ…..အဲလိုဘဲ့… နင့်ကိုလဲ ငါပြောနိုင်တာ ထက်ပိုချစ်တယ်..
ငါ့ဘ၀နဲ့ထပ်တူ မြတ်နိုးတယ် တန်းဖိုးထားတယ်….ပြောပြမတတ်အောင်လဲ ချစ်ခဲ့တယ်..မက်မက်မောမောနဲ့ကို ချစ်ခဲ့မိတာပါဟာ…..တကယ်ဆိုတော့ ချစ်သူဆိုနဲ့စကားလုံးဟာ အပြန်အလှန် နားလည်မှု မျှဝေခံစားမှုတွေနဲ့ တစ်ယောက်အတွက် တစ်ယောက် ရပ်တည်ပေးနေကြတယ် ယောက်ျားလေးနဲ့ မိန်ခလေး နှစ်ယောက် အတွက် ရည်စူးထားတဲ့စကားလုံး ဘဲ့လေ ပြီးတော့ တစ်ယောက်တည်းနေတဲ့ ယောက်ျားလေးဘဲ့ ဖြစ်ဖြစ် မိန်းခလေးဘဲ့ ဖြစ်ဖြစ် တစ်ယောက်တည်းနေကြတဲ့သူတွေကို အထီးကျန်သူတွေလို့ ခေါ်ကြတယ်လေ… ငါအထီကျန် သူ မဖြစ်ချင်ဘူးကွ အထီးကျန်ခြင်းကို ဆက်လက်မဖြစ်ချင်တော့ဘူး…. ဘာလို့လဲဆိုတော့ ငါလေ ငယ်ကတည်းက ဘ၀ကို တစ်ယောက်တည်းဖြတ်သန်းခဲ့တဲ့ သူဖြစ်ခဲ့လို့ ပါ။ ဒီတော့ အထီးကျန်ဆန်တဲ့ခံစားမှုကို သူများတွေထက်ငါ ပိုပြီးငါနားလည်တယ်။ ငါလို သာမာန်လူ မပြောနဲ့ ကမ္ဘာကျော် ကဗျာဆရာကြီး အိုမာခရမ် တောင်မှ အထီးကျန်မှာစိုးလို့ သူရေးတဲ့ ကဗျာမှာလေ သူ့ ချစ်သူကို ပါအောင်ထည့်ထားသေးရဲ့ နင်သိမှာပါ အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ် ဆိုပြီးတော့ သူ့ရဲ့ အဖော်အမွန် ကို တမ်းတထားလေရဲ့။ ဒီတော့ ငါလဲ ငါ့ဘ၀ရဲ့ အဖော်အမွန် ငါ့ချစ်သူ နင့်ကို တမ်းတမိတာ အမှားမဟုတ်ပါဘူးနော်…
Posted by lovelyvirus at 8:58 AM 0 comments
Saturday, July 11, 2009
သဘာဝရင်ခုန်သံ
ကမ္ဘာဦးစကနေ ၀ဲပျံခဲ့တဲ့ ငှက်ငယ်
ငါ့နှလုံးသားမှာ နားခိုနေစဉ်ပေါ့
ဘာသာပြန် တေးသွားတစ်ပုဒ်နဲ့
ရင်ခုန်သွတွေကို ကြိုးညှိ ပေးခဲ့တယ်။
လေညင်းလေးရဲ့ပြောပြချက်က
ဒါဟာ အချစ် ဘဲ့တဲ့ ကွယ်.......
သဘာဝက ပေးတဲ့လက်ဆောင်လား
ဘုမသိ ဘမသိ လက်ခံခဲ့မိတယ်
နောက်ဆက်တွဲ အကျိုးအဆက်က
ဝဲဖက် ရင်အုံမှာ ဓါတ်ပုံ ရိုက်ခဲ့ ပြီလေ...
ရာဇ၀င်ထဲ က နတ်မိမယ်လေး အဖြစ်ပေါ့။
ဖျောက်ဖျက်မရတဲ့ ဒီပုံရိပ်စစ်
မင်းဖြစ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး...
နှလုံးသားကိုခွဲ အမှန်တရားကို ဘဲ့
ပေးတဲ့သူကိုမှ "ချစ်စေ" လို့
ဘယ်သူ အမိန့်ပေးခဲ့တာလဲ....
ဆူးမှန်း သိရက်နဲ့ တက်နင်းခဲ့တဲ့
ငါ့အဖြစ်က ပိုးဖလံမျိုး မီးကိုတိုး သလိုမျိုးလား
မပျံသွားပါနဲ့ ငှက်ခလေးရယ်...
အချစ်ဆိုတဲ့ အဘိဓါန် လေးကို
တိတိကျကျ ဘာသာပြန် ပေးခဲ့ပါကွယ်...........
...နေအိမ်သစ်
Posted by lovelyvirus at 7:26 AM 0 comments
ပျောက်ဆုံးသွားသော အရိပ်
အချိန်နဲ့အမျှ စက္ကန့်တေးသွားက
တလှုပ်လှုပ်နဲ့ သွားနေလေရဲ့
ငါ့မျက်ဝန်းကို ကြည့်ဖို့ အတွက်
နင့် အလှက ငါ့စိတ်ကို
လှုပ်နိုးတာပါ.....
ညစ်ထေးထေး အလွမ်းတို့အတွက်
နင်ချန်သွားတဲ့ အရိပ်ကဘဲ့
ငါ့ဘ၀အတွက်
အဆီတ၀င်းဝင်း နဲ့ အမဲရိုးတစ်ချောင်းပေါ့။
မျှော်လိုက်ရတာ......ကမ္ဘာမြေတောင်
အထီးကျန်ဆန်ဆန် ငြိမ်သက်လို့....
ဒဏ်ရာများစွာ စွန်းထင်ပေကျန်နေတဲ့
ဒီတံတားဖြူလေး အောက်မှာ
ငါ့ရဲ့ မျက်ရည်ပင်လယ်နဲ့
စကား ဖောင် တွေရှိနေသေးတယ်။
ကောင်မလေးရေ......
နင်ရေးဆွဲခဲ့ တဲ့ သမိုင်းကြောင်းမျက်ဝန်းမှာဘဲ့
ငါ.... အခု ချိန်ထိ အသက်ရှင်နေထိုင်ဆဲဆိုတာ
နင်ရောက်တဲ့ အရပ်က သတိရပေးပါ။
S.lin
Posted by lovelyvirus at 6:15 AM 0 comments
Sunday, July 5, 2009
ချစ်ခွင့်
အလိုရှိတုန်း
ခဏတာလာနား
ခိုနားပြီးရင် ပျံသန်းသွားမယ့်
ငှက်တစ်ကောင်ကို လှောင်မထားချင်ဘူး ကို။
ခဏတာ စိုက်ပျိုး
ရှင်သန်ပြီးရင် ဆူးချက်တွေ အမျိုးမျိုးနဲ့
ရင်ခွင်ကို အလဲထိုးမယ့်
ပန်းမျိုးကို တို့ မပျိုးချင်ဘူး ကို။
ခဏတာ စီးဆင်း
နောက်ပြီးရင် လမ်းခွဲတွေကို မေ့ပြစ်တတ်တဲ့
မြစ်တစ်စင်းထဲကိုလည်း မသက်ဆင်းချင်ဘူး ကို။
ခဏတာ ထွန်းလင်း
လကွယ်ညမှာမလင်းတဲ့
ကောင်းကင်က လမင်းကိုလည်း
မတပ်မက်ခဲ့ဘူး ကို။
သို့ပေမဲ့လည်း.....
မတည်မြဲခြင်း တွေများစွာထဲ
ပြောင်းလဲမှာကို ကြိုသိနေပေမဲ့
တားပိုင်ခွင့်ဆိုတာ မရှိတဲ့ အဖြစ်နှင့်
ခိုင်မြဲမယ့် အချစ်တစ်ခုကိုတော့ လိုချင်မိတယ် ကို။
Posted by lovelyvirus at 5:01 AM 0 comments
Saturday, July 4, 2009
အလွမ်းဆုံးလွမ်းချင်း
ရင်အလေးခံအလွမ်းတွေကိုထမ်းပိုးရင်း
မင်းအတွက်ငါဆောင်ထားတဲ့ဂါထာတစ်ပုဒ်က
အချစ်ဆိုတာပါပဲ့.........
ဒီလိုနဲ့မာနနဲ့အလွမ်းတို့စစ်ဖြစ်ပြီး
မျက်ရည်မြစ်ထဲက
ဒဏ်ရာတွေက
ငါ့ရင်ကိုစီးချင်းထိုးဖို့ရောက်လာခဲ့တယ်..........
ကောင်မလေးရေ.................ပင်လယ်ပြင်မှာလှိုင်းမရှိပါဘူးလို့
ဘယ်သူပြောသလဲ
ပင်လယ်ပြင်ရဲ့သက်ဝင်ခြင်းဟာ
လှိုင်းတွေပါပဲ့........
ဒီလိုပါပဲ့....နှလုံးသားရဲ့
သက်ဝင်ခြင်းတွေဟာလည်း
အချစ်တွေပါပဲ့...........
Posted by lovelyvirus at 6:40 AM 0 comments
မင်းကလွဲရင်ပေါ့...
မင်းရဲ့အကြည့်တွေကြားမှာ
လွင့်မျှောကာကျရှုံး
နှလုံးသားတစ်ခုလုံးပေးအပ်ချင်တယ်
နာကျင်ခံစားနေရတဲ့ဝေဒနာတွေကိုလဲ
မျှဝေခံစားပေးချင်တယ် ကောင်မလေး
လရောင်ကို တိမ်ကွယ်
အမှောင်ကို ဖယ်ရှားပေးချင်တယ်။
အပြုံနုနုလေးကို ရင်ထဲမှာ
ထာဝရ သော့ခတ်သိမ်းထားချင်တယ်။
မင်းကလွဲရင် ငါ့ထံမှာ ဘာကိုတောင်းတောင်း
ငါအကုန်ပေးလိုက်မယ်။
မင်းကလွဲရင်ပေါ့။
ပူလောင်နေတဲ့ ရင်အေးမြပါစေသား........
ဆူဝေနေတဲ့ ဒေါသတွေ အငွေပျံ ပါစေသား........
လောင်မြိုက်နေတဲ့ ချစ်ခြင်းတွေ ပျောက်ကွယ်ပါစေသား........
Posted by lovelyvirus at 5:22 AM 0 comments
Tuesday, June 30, 2009
အချစ် = အရှုံး
အရာရာကို ပေါ့ပျက်ပျက်ဘဲ့ တွေးတတ်တဲ့
ကောင်မလေးရယ် …
ငါ့ရင်ထဲမှာ မင်းအတွက်
လေးနက်ခြင်းဆိုတာ ရှိနေပြီ။
အလွမ်း သီချင်း တွေ မကြိုက်တတ်ပေမယ့်
မင်းမရှိတဲ့ အခါ တိုးတိုးလေး ညဉ်းဆို တတ်နေပြီ။
အမြဲတမ်း ပြုံးပျော်နေတတ်ပေမယ့်
မင်းရဲ့ ဥပကာ နဲ့ တည့်တည့် တိုးတဲ့ အခါ
တစ်ယောက်တည်း ကြိတ်ငိုနေတတ်ပြီ။
အပူအပင် ကင်းစင်တဲ့ ဘ၀မှာနေလာပေမယ့်
ယခု… မင်းပစ်သွားမှာ စိုရိမ်တတ်လာပြီ။
အရာရာကို တဇွတ်ထိုး တဇောက်ကန်း လုပ်တတ်တဲ့
ကောင်လေး တစ်ယောက် မင်းနဲ့ ကျမှ
ပိုးစိုးပက်စက်ကြီး ရှုံနိမ့်နေပြီဆိုတာ
မင်းသိရဲ့လား….. ကောင်မလေး ……..
Posted by lovelyvirus at 9:14 AM 0 comments
Tuesday, June 2, 2009
ခွင့်ပြုပေးပါ......
စာရွက်ပေါ်မင်စက်ချလို့
ရင်ခုန်မိတဲ့ မင်းအပေါ်
ချစ်တဲ့ အကြောင်း စီကုံးချင်လို့ ပါ။.........
မြိုသိမ့် ရတာကြာပြီ ဖြစ်လို့
သိပ်ချစ်တဲ့ အကြောင်း
မင်းတစ်ယောက်တည်းသာ
အသိပေးခွင့်ပြုပါ။........
မြတ်နိုးခွင့်လေး တစ်စက်လောက်
ခွင့်ပြုမလား ချစ်သူ
အလွမ်းတွေ ရပ်တန့်ချင်လို့ပါ။........
ပန်းနုရောင် အပြုံးတွေ
သိပ် မပြုံး ပါနဲ့ ချစ်သူ
တစ်ပါးသူ ရင်ခုန် မိမှာ စိုးလို့ပါ။........
Posted by lovelyvirus at 8:12 AM 0 comments
Sunday, May 31, 2009
သစ်ရွက်တွေကြွေတာ လေပြေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးတော့တာလား..????
Posted by lovelyvirus at 2:03 AM 1 comments
Friday, May 29, 2009
ချစ်ခြင်းရဲ့လွမ်းချင်း
မျက်ရည်ကျတဲ့ည မင်းရက်စက်တဲ့ည
အလွမ်းတွေချည်နှောင်နေတဲ့ည
အားလုံးပေါင်းလိုက်ရင်
၃၆၆ ရက်တိုင်ခဲ့ပါပြီ..........။
မင်းကို ချစ်ခဲ့တာလဲ တစ်နှစ်နီးပါးရှိခဲ့ပြီလေ။
ကိုယ်ကချစ်ပြီးမှတော့ လွမ်းရဲရမှာပေါ့......
သူစိမ်းတစ်ယောက်လို မင်းရဲ့ ဆက်ဆံမှူကို
မငှဲ့ကွက်ဘဲ အစေအပါးလို ခယကျိုးနွံခဲ့တာ
သိပ်ချစ်ခဲ့လို့ ဆိုတာမင်းသိမှာ မဟုတ်ဘူး။....
ပန်သူမယ့်ပေမယ့် လောကအတွက်
ရနံ့ပေးနိုင်မယ့် ခရေပန်းလိုမျိုး
မင်းဘ၀မှာ အရေးပါ ပါရစေသားလို့
အချစ်နတ်ဘုရားမှာ........
ဆုတောင်းသော်ညားလဲ......
ဝေးသထက်ဝေး......ကမ္ဘာအပြင်ထိ
ရောက်နေတဲ့ မိုင်နှုန်းတွေ...
တစ်စကန့်လေးတောင်...
မနီးစပ်ပေးနိုင်ဘူးလား.........................
lovelyvirus
Posted by lovelyvirus at 10:32 AM 0 comments
Wednesday, May 27, 2009
အနီရောင် မျက်ရည်တစ်စက်
“ရှင်မ.. တစ်နေ့လုံး ဘာမှ မစားမသောက်ဘူး။ နှင်းရည်လေး သောက်လိုက်ပါလား”
ခြင်မက နှင်းရည်များဖြင့် စွတ်စိုနေသော သစ်ရွက်ကို တစ်ချက်ကြည့်ရင်း....
“အေးစက်နေတဲ့ ဒီအရာကို ကျွန်မ ဘယ်လို မျိုချရမလဲ..? နေ့တိုင်း ရှင်ဒီစကားပဲ ပြောနေတာ စိတ်ကုန်လာပြီ” မကျေမနပ်နှင့် မျက်စောင်းခဲ၍ဆိုသည်။
“လူတွေနဲ့မှ ရင်ဆိုင်ချင်တာလား ရှင်မရယ်.. သူတို့က အနံ့အသက် အမျိုးမျိုးနဲ့ ကျုပ်တို့ကို ဆွဲဆောင်နေကြတာ.. အဲဒီအနံ့တွေရတိုင်း ကျုပ်ကတော့ မူးမေ့မတတ်ဘဲ.. မတော်လို့ ရှင်မ တစ်ခုခု....” ခြင်ဖိုက စိတ်ပူစွာပြောသည်။
“ရှင် သိပ်ပျော့ညံ့လွန်းတယ်” အေးစက်စက် တစ်ချက်ကြည့်ရင်း သူမ ထပျံသွားသည်။
သူမ ပျံဝင်သွားသော အိမ်၏ ပြတင်းပေါက်မှ ဖြာကျလာသော အလင်းတန်းကို ကြည့်ပြီး သူ ရတက်မအေးတော့။ ဘာကြောင့်မှန်းမသိ ဒီည တစ်ခုခုဖြစ်မည် ဆိုတာကို သူကြိုသိနေသည်။ သစ်ရွက်ပေါ်တွင် နားနေရင်း သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေမိသည်။
သူမကို တွေ့ချင်စိတ်တွေ ပြင်းပျလာသည်။ သူမ အန္တရာယ်မှ ကင်းပါ့မလား... ? လူသွေးကိုမှ တပ်မက်သော သူမ၏ စိတ်ဆန္ဒကို သူ မတားဆီးနိုင်ခဲ့။ သူမ၏ တစ်ဇွတ်ထိုးနိုင်မှုက သူတို့ဘ၀ကို ပျက်ဆီးသွားစေနိုင်သည်ဟု သူ စိတ်မကောင်းစွာ တွေးမိသည်။
၂
နှင်းများ ပိုသိပ်သည်းလာသည်။ အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း သူမ ထွက်အလာကို ရင်တထိတ်ထိတ်နှင့် စောင့်နေမိသည်။ စိုးရိမ်စိတ်ဖြင့် စောင့်နေရတာကို သူ စိတ်မရှည်ချင်တော့။ မိမိအသက်ကို မမှုတော့ဘဲ ပြတင်းပေါက်ထဲ ပျံဝင်သွားသည်။ မီးရောင် မှိန်မှိန်အောက်တွင် လူ၏လက်မောင်းက သွေးကြောထဲ ခေါင်းကို နစ်ပြီး အငမ်းမရ စုပ်ယူနေသော သူမကို တွေ့လိုက်မိသည်။ စုပ်အားကြောင့် တောင်ပံလေးတွေတောင် တုန်ခါနေပါလား..! လူ၏သွေးများ သူမ ခန္ဓာကိုယ် သွေးကြောစိမ်းစိမ်းလေးထဲ ၀င်ရောက်သွားခိုက် ဘယ်ဖက်ပုခုံးကို လှုပ်တောင် မလှုပ်သော လူ၏ ညာဖက်လက် မြှောက်လိုက်သည်ကို သူ အထိတ်တလန့် မြင်လိုက်ချိန်မှာတော့....
“မြန်မြန်ရှောင်”
သူ အဆုတ်ကွဲမတတ် အော်ပြီး သတိပေးလိုက်သော်လည်း မမီတော့...
အရှိန်ပြင်းသော လက်ဝါးဒဏ်ကြောင့် သူမ ကြမ်းပြင်ပေါ်သို့ လုံးထွေးပြီး ပြုတ်ကျသွားသည်။ သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော သူမဘေးသို့ သူ ချက်ချင်းရောက်သွားသည်။ သူမကို ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်မိသည်။ မျက်ရည်များ အဆက်မပြတ် ကျလာသည်။ မျက်ရည်များဖြင့် ပြည့်နေသော မျက်စိကို သူမ အားယူဖွင့်ရင်း သူ့ကို ကြည့်လိုက်သည်။
“နှမျောဖို့ ကောင်းလိုက်တာ... အသက်တွေ ဆုံးရှုံးရတော့မှာပါလား”
ညည်းညူနေသော သူမကို ထောင်မတ်ပေးရင်း.....
“ဘာဖြစ်လို့ ကျုပ်တားတာကို လက်မခံခဲ့တာလဲ ရှင်မရယ်”
“ရှင်မ သိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ရှင်မမှာ ကိုယ်ဝန်ရှိနေပြီ။ နှင်းစက်လေး သောက်ရုံနဲ့ ကလေးတွေအတွက် အဟာရ မရနိုင်ဘူး။ အန္တရာယ်ရှိမှန်း သိလည်း ကလေးအဟာရ အတွက် လူသွေးကိုမှ တောင့်တမိတာပါ။ ရှင်မ သေမယ်ဆိုတာ
၃
သိပြီးသားပါ။ လူတွေကို မဆန့်ကျင်၊ မနာကျင်စေချင်တဲ့ ရှင်ကတော့ မသေနိုင်သေးပါဘူးလေ”
သူမ မျက်တောင်ကို ပုတ်ခတ်ပြီး အားတင်းပြုံးလိုက်ရင်း...
“ကလေးမွေးပြီးနောက်ပိုင်း အားအင်တွေ ကုန်ခမ်းနွမ်းနယ်ပြီး သေရမယ့်အတူတူ လူတွေ ရှင်မတို့ကို ဘယ်လောက်မုန်းတီးနေလည်း ရင်သွေးတွေအတွက် အကောင်းဆုံး အဟာရကို ပေးခဲ့ချင်ပါသေးတယ်”
“ဘာဖြစ်လို့.. ဘာဖြစ်လို့ အစက မပြောခဲ့တာလဲ ရှင်မရယ်”
“ရှင်မကို သိပ်ချစ်မှန်း သိပါတယ်။ အစက ပြောပြခဲ့ရင် ရှင်မကိုယ်စား ရှင်ခံရမယ်ဆိုတာ သိလို့၊ ရှင်မကိုယ်စား ရှင်အသေခံမယ်ဆိုတာ သိလို့ မပြောရက်ခဲ့တာပါ။ ရှင့်အတွက် ရင်သွေးလေးတွေ မွေးဖွားခဲ့ရမယ်ဆိုရင် ရှင်မ သေရကျိုးနပ်ပါတယ်။ အရင်ဘ၀က ၀ဋ်ကြွေးအတွက် ဒီဘ၀မှာ ဆပ်ခဲ့ချင်ပါတယ်။ ခုတော့.....”
“ဒါတွေဟာ ကျုပ် မသုံးမကျခဲ့လို့ပါ။ ရှင်မကို ကျုပ်မကာကွယ်နိုင်ခဲ့ဘူး။ လိုချင်တာကို မပေးနိုင်ခဲ့ဘူး။ ရှင်မ တော်တော်ခံခဲ့ရတယ်။ နောင်ဘ၀.. နောင်ဘ၀သာ ရှိမယ်ဆိုရင် ကျုပ်တို့နှံကောင် လုပ်ကြရအောင်နော်။ မင်္ဂလာဦးညမှာ ကျုပ်ကိုစားပြီး ကျုပ်အတွက် ကလေးမွေးပေးပါနော်။ ကျုပ်ရဲ့သွေးတွေ ရှင်မကိုယ်ထဲ လည်ပတ်ပြီး ရင်သွေးတွေအတွက် အဟာရ ဖြစ်ခဲ့မယ်ဆိုရင် ကျုပ်သေပျော်ပါပြီ ရှင်မရယ်”
“မဟုတ်ဘူး.. မဟုတ်ဘူး.. ရှင်မတို့ ပုစဉ်းရင်ကွဲ လုပ်ကြရအောင်။ နေ့တိုင်း နှင်းရည်တွေ သောက်ပြီး ပျော်ရွှင်စရာ သီချင်းတွေ ဆိုကြရအောင်နော်။ သတိ... သတိထား.. လူလာနေပြီ.. မြန်မြန်သွားတော့...”
မျက်ရည်များ တလိမ့်လိမ့် စီးကျရင်း သူမ အသက်ကို ပြင်းပြင်းရှုပြီး သတိပေးလိုက်သည်။
၎
သူ နောက်ကို တစ်ချက်လှည့်ကြည့်ရင်း နောင်တမဲ့စွာ ပြုံးလိုက်မိသည်။
“ကျုပ်တို့ နောင်ဘ၀ကျရင် ပုစဉ်းရင်ကွဲ လုပ်ကြမယ်ဆို”
“ဖြန်း...”
အားပါသော ရိုက်သံနှင့်အတူ ကျေနပ်သော စကားသံတစ်ခု...
“ဟင်း... သေစမ်း.... နောက်တစ်ကောင်”
သူမသေခင် သူမကို တင်းတင်းလေး ဖက်ထားမိသည်။ သူတို့ ကိုယ်ပေါ်မှ စီးကျလာသော သွေးများ ရောယှက်မိပြီး အနီရောင် မျက်ရည်စက် တစ်စက်အဖြင့် ပေါင်းစပ်သွားလေတော့သည်။
Posted by lovelyvirus at 2:47 AM 0 comments
Sunday, May 24, 2009
သို့............
သို့.................. ဆိုတဲ့စကားတစ်ခွန်းဖြစ်ဖို့ .... ငါတိုဘယ်လောက်ထိဝေး၇မှာလည်း....
ငါမပြောမိတဲ့ စကားတစ်ခွန်းက.... မင်း၇င်ဘတ်မှာပဲ့တင်ထပ်နေမှာပါ....
ကံကြမ္မာတံတိုင်းက နေ၇ာတိုင်းမှာခြားထားတော့..
ငါတို့ ဝေး၇တာ ဘာမှမဆန်းပေမယ့်...
ငါ၇င်ထဲမှာ အဆက်မပြတ်လွမ်းတယ်....
တစ်ထောင့်တစ်နေ၇ာမှာ စောင့်နေတာ....
သူသိစေလိုတယ်………ခွဲခွါခြင်းဆိုတာ....
ငါ့ဘဝရဲခြောက်ကပ်မူတွေကို အ၇စ်ကျပေးဆပ်နေ၇တာ....
သူ၇ဲ့ နုတ်ဆက်လက်အပြမှာ ဘဝဟာ သစ်၇ွှက်ခြောက်လို..
လွယ်လွယ်လေးကြွေကြခဲ့တယ်...။ ။
မဟောင်းတဲ့ ခင်မင်မှုနဲ့ ငါ့ဘက်က မပြောင်းခဲ့ပါဘူး..
ကောင်းမကောင်းဆုံးဖြတ်တာ နင့်အကြောင်းတရားပါ။
နင်ကြောက်တဲ့ ဥပစ်ခါကို နင်ကိုယ်တိုင် လုပ်ခဲ့တာလေ။
အဆုံးသတ်ဖို့ သေချာပြီ…
ဘယ်လောက်ပဲနာကျင်နေပါစေ
ငါနင့်ကိုမမေ့ဘူး….
ရင်ဘက်ထဲက နာကျင်ပေမဲ့
နင့်ကိုဆက်ချစ်ခွင့်ပေးပါ
ငါကိုရူးတယ်ပြောပြော…. ကန်းတယ်ပြောပြော…..
လမ်းခွဲရမယ်ဆိုတဲ့ စကားအောက်မှာပဲ
နာကျင်စွာ လမ်းခွဲပေးပါ့မယ်
ငါ့ကိုထားသွားတဲ့ နင့်ကိုငါမမုန်းဘူး
ငါနင့်ကိုချစ်တယ် နင်ကိုမမြင်လိုက်ရတဲ့ အချိန်လေးမှာ
ချစ်မိသွားတဲ့ ငါ့ကိုငါတော့
သေလောက်အောင်မုန်းမိတယ်..
ငါတစ်ယောက်ထဲ အသည်းကွဲ
မှတ်တမ်းမှာ စာတွေရေးနေမိပြီ
ငါ့နှလုံးသားနာကျင်အောင်
စကားတွေဖောင်ဖွဲ့ပြီး
ငါ့ကိုမနှိပ်စက်ပါနဲ့
ငါ့ကိုမုန်းတယ်ဆိုတဲ့ စကားလေးနဲ့ပဲ
င့ါအတွက်လက်ဆောင်အဖြစ်ပေးခဲ့ပါလို့
တောင်းဆိုပါရစေ ………
နင်ကျေနပ်အောင်
နင့်ဘေးက ငါထွက်သွားပေးပါမယ်။……။
Posted by lovelyvirus at 9:08 PM 0 comments
ကိုယ်တိုင်ရေး essay
..ဘောင်ခတ်ချင်နေတဲ့ ခင်ဗျားတို့ လက်တွေကို
..ကျေးဇူးပြုပြီး ရုတ်ပေးကြပါ....
..သမာရိုးကျဆိုတဲ့ ခေါင်းစဉ်အောက်မှာ
..မနေချင်တိုင်း ဗီလိန်ဖြစ်ပြီတဲ့လား.....
..အဓိကဇာတ်ကောင် မပါတိုင်း ..
..ဇာတ်လမ်းကျောရိုး မပါတိုင်း ..
..၀တ္ထု မဟုတ်တော့ဘူးလား....
..ဒါဆိုလည်း ကိုယ်တိုင်ရေးအက်ဆေးပေါ့...
..နဘေတွေ ကာရံတွေမပါတိုင်း
..ကဗျာ မဟုတ်တော့ဘူးလား
..ဒါဆိုလည်း ကိုယ်တိုင်ရေးရင်တွင်းဖြစ်ခံစားချက်ပေါ့..
..ဟုတ်တယ်..............
..ခင်ဗျားတို့ နဲ့ ကျွန်တော်...
..ရည်ရွယ်ချက်ချင်းက တူတယ်..
..လမ်းရိုးအတိုင်း မသွားချင်လို့ 
..လမ်းသစ်ဖောက်ပြီးသွားတာပဲရှိတယ်..
..အဓိက က..
..ခင်ဗျားတို့ ကျွန်တော်တို့ ပေးချင်တာတွေ
..သူတို့ ရဲ့ ရင်ထဲရောက်သွားဖို့ ပဲမဟုတ်လား.....
..ဒါကြောင့် သုံးလွန်းတင်ကြိုးအဟောင်းကြီးနဲ့ 
..မချည်နှောင်ချင်ပါနဲ့ တော့..
..အဆုံးမဲ့ လွတ်လပ်ရာဆီ..(လွပ်လပ်စွာနဲ့ )
..ကျွန်တော် ပျံသန်းပါရစေ............
Posted by lovelyvirus at 8:51 PM 0 comments
နင်နဲ့ငါ
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ
ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက်
တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိုလ်ပြာကြီးထဲမှာ
ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?
တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်လွန်း သလား? အဲဒီတွေ့ဆုံခြင်းမှာ
နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူနဲ့
ထပ်ဆုံချင်ပေမယ့်
တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်ကို တန်ဖိုးထားကြပြီး နွေးထွေးမှုတွေ၊
အကြင်နာတွေ နဲ့ခင်မင်ကြတာပေါ့။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့နော်။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်လေ။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့.....
သဘောတူတယ်ဟုတ်???
Posted by lovelyvirus at 8:40 PM 0 comments
မညီမျှခြင်း
-ချစ်သူ
ငါစခဲ့တဲ့ ဇာတ်လမ်း
ခြေတစ်လမ်းမှ မမှားခဲ့ဘူး
(ငါ) တာဝန်ယူရဲတယ်...
-ချစ်သူ
ငါသာ မာနကို ရှေ့တန်းတင်ရင်
မင်း ခုလောက်ဆို
ယိုင်နဲ့ ပြိုကျလောက်ပြီ..
ဒါပေမယ့်
(ငါလေ) မလုပ်ရက်ခဲ့ပါဘူး.....
-ချစ်သူ
မင်းကို သတိပေးချင်တာက
ဖြူစင်နေတဲ့ မင်းမျက်နှာကို
မင်း အတ္တတွေကြောင့်
(ငါ) မှောင်မသွားစေချင်ဘူး။.....
-ချစ်သူ
မင်းရဲ့ စိတ်ဆင်းရဲမှုက
အပေးနဲ့အယူ
အလေးချိန် မတူလို့တဲ့
စတွေ့တုန်းက တောင်
(ငါ့ကို) ညီမျှအောင်
မင်းပေးခဲ့ဖူးလား.....
စကား တစ်ခွန်းရှိတယ်
"ကိုယ်စိုက်တဲ့ သစ်ပင်ကို
ကိုယ်တိုင်ဘဲ့ ရိတ်သိမ်းရတယ်" တဲ့
(ငါ) မင်းအတွက်
အသီးအပွင့် ကိုတောင်
မင်းကိုယ်စား ဆွတ်ခူးပေးခဲ့တာ
ဒါကြောင့်...........
ရာဇ၀င်မှာ ငါ့နာမည်လေး
မှုန်ဝါးဝါး ကျန်နေတော့မှာပါ................
laypyay
Posted by lovelyvirus at 8:49 AM 0 comments
ကြိုး
တကယ်ဆို မချည်ချင်ခဲ့ဘူး........
ရင်ခုန်သံတွေ ဖောင်းပွမှ
ဖြည်မရအောင် ရှုပ်ခဲ့ရ
ငါ့နံရိုး အောက်က
ရင်ခုန်သံမှာ.........
မာယာ တွေ
အတုံးလိုက် အတစ်လိုက်
တစ်ခါတစ်ခါ ကိုယ့်စကား လုံး ကိုယ်စီရင်း
ကိုယ့်ဟာကိုယ် အိပ်တန်းတက်
မှောင်မိုက် လွန်းပါတယ်....
အလွမ်းတွေ ရှုပ်ပွ
ဒုက္ခ တော့ မဟုတ်ပါဘူး...
လွမ်းရတာကိုက
ချစ်ဖို့ ကောင်းနေတာ......
Posted by lovelyvirus at 8:37 AM 0 comments
Wednesday, May 20, 2009
မင်းအတွက်
ခံနိုင်ရည်တွေ..မွေးခဲ့ပေမဲ့.. ငါဘ၀မှာခံနိုင်ရည်ဆိုတာ.. မရှိခဲ့တော့ဘူး...ချစ်သူ.. မင်းရဲ့လှည့်ကွက်ကြီးအောက်မှာ..
ငါကျရှုံးလို့... ငါခံစားချက်ကြီးအားလုံး.. အဆိပ်တွေသင့်ခဲ့တယ်.. မင်းလက်မပြခဲ့ရင်တောင်မှ..
ငါကို..ခဏလောက်တော့.. ပြုံးပြသင့်ပါတယ်..... ငါဘ၀ကို..မစာနာချင်နေပါ.. မရက်စက်ပါနဲ့..နော်...
ငါ့ရဲ့ အထ္ထုပ္ပတိမှာ ကြေကွဲမှု့တွေပြည့်လို့ ငါ့ရင်ကို မင်းစားသွားပြန်ပြီ။
အာသာငမ်းငမ်းအလွမ်းတွေနဲ့ နှလုံးသားကို ပြက်ရယ်ပြု အံတုခဲ့တာတွေ
မင်းအတွက်ပါပဲ....... မင်းအတွက်ပါပဲ ကောင်မလေးရယ်၊
ကျိန်စာတွေလား မင်းရဲ့သယ်ဆောင်ရာမှာ ငါ မျက်ရည်တွေ ချွဲနစ်ခဲ့၊
အရင်လို မင်းရဲ့ဖုန်းသံတွေ မျှော်လင့်နေတုန်းပါပဲ ။..။…..။
မင်းရဲ့အတောင်ပံတွေနဲ့ ငါ့ရဲ့အလွမ်းတွေကို သယ်ဆောင်သွားပါ မိန်းကလေးရယ်...
မင်းမရှိတော့တဲ့ ငါ့ရဲ့နံဘေးမှာ အတွေးတွေထူထပ် အလွမ်းနာကျနေပါပြီကွယ်။
မင်း................ မင်း မပြေးပါတော့နဲ့ကွယ် ငါ့ အနားက ထွက်မသွားပါနဲ့တော့နော်။
မှန်၇ာကိုဆိုပါ၇စေ..ငါကြာကြာမညာနိုင်တော့လို့ပါ.. ဒဏ်၇ာဆိုတာ..အမြဲနာကျင်စ၇ာမဟုတ်တော့ဘူး..
ငါကိုယ်တိုင်တ၇ှိုက်မတ်မတ် တပ်မက်နေမိလို့... ငါ့အတွက် သိပ်ချိုမြိန်နေတဲ့အခါ...
ကြင်နာတ၇်ဆိုတာ နာကျင်တာတွေကိုဖြေဖို့.. အ၇င်းထဲမှာ နင်ထည့်ပေးလိုက်တဲ့.. အပိုဆုလေးများလား..
ငါသည် နာကျင်သောခန္ဒာကိုယ်ကို ပိုင်ဆိုင်သော်လည်း.. မ၇ိုင်းစိုင်းသော အသဲတစုံကို ၇င်ဝယ်ပိုက်ထားသူဖြစ်သည်..လို့
အချစ်နတ်ဘု၇ားဆီမှာ တိုင်တည်ခဲ့ဖူးပါတယ်.. ………………………………………………
တချိန်က ဆိုတဲ့အတိတ်မှာ……..ငါနဲ့နင် ဖြူစင်စွာ၇ှင်သန်ခဲ့ဖူးလေမလား..?? ချစ်ခဲ့ဖူးလေမလား..??
ငါဆိုတဲ့ ကောင်လေးတယောက်ကသာ ၇ူးသွပ်ခဲ့ဖူးတာလား??
အတိတ်ဆိုတာ တလို့ကောင်းတဲ့ အ၇ာမဟုတ်ဘူး
အနာဂတ်မှာ..ငါဘာဆက်လုပ်၇မလဲမသိတော့လို့..
အခုလောလောဆယ်..စာထိုင်ေ၇းနေမိတယ်...
ပြန်လာပါလို့ခေါ်၇မလား... ??? ငါ့နှလုံးသားထဲက နင့်ကို မောင်းထုတ်လိုက်၇မလား...... ???
ဒါမှမဟုတ်.... …….ငါ့နှလုံးသားကို ပဲကြိုးစင်တင်၇မလား...... ?????
ငါ့ခန္ဒာ ကိုဘဲပြာမှုန်လေးတွေအဖြစ် လေပြေမှာ မျောလွင့်စေမလား.. ????
ငိုခြင်းနဲ့ ၇ယ်ခြင်း ကြားမှာ..ပုံသေနည်းတွေမှားနေတ၇်.. ငါနင့်ကိုမုန်းချင်တဲ့အခါ ဟားတိုက်၇ီနေမိပြီး..
ငါ့ကိုယ်ငါ ပြောင်းလဲဖို့ကြိုးစားမိတဲ့အခါ အော်ဟစ်ငိုကြွေးနေမိတ၇်....
တကယ်တော့...ငါ့အတွက်………….နာကျင်ခြင်းဆိုတာ..ကြင်နာခဲ့မိခြင်းတွေ၇ဲ့ နောင်တဆိုးကျိုးတွေပေါ့..
Posted by lovelyvirus at 6:13 AM 0 comments
တစ်ယောက်သော သူငယ်ချင်း
သူငယ်ချင်းရယ်. . .လူမျိုးကမတူ . . .
ဘာသာက တခြား...မင်းက ဘာကို အားကျနေတာလဲ. . .
တပါးသားကို ဆရာခေါ်…ထင်ပေါ်ဖို့စိတ်ကူး
မင်းအတွေးနဲ့ မင်းစိတ်ကူး
တားလိုပါဘူး . . .
နည်းနည်းတော့အားနာ
မင်း အမျိုး မင်းဘာသာ ကို
ထင်ရာကို စိုင်းပါလို့
မင်းထင်ရာ မင်းလုပ်….သိပ်တော့ မဟုတ်ဘူး . . .
ဒီနိုင်ငံနဲ့ ဒီလူမျိုး
ဒါမျိုးဆိုခက်ချေရဲ့. . .
ဘယ်မှာလဲ ရဲ တဲ့သွေး ..
ဘယ်မှာလဲ မာ တဲ့စိတ်ဓာတ်
ဖြတ်ဖြတ်ကို လူးပါပေါ့
ရူးပါပေ့ သူငယ်ချင်းရယ်.......
နောင်တစ်ချိန် အိမ်ပြန်ကြရင်
ခေါင်းကိုမော့ လို့မာန်ကိုချီ
အသံပီပီနဲ့အော်လိုက်စမ်းပါ
ငါဟေ့ မြန်မာ ... ရွှေမြန်မာ လို့.....
သူငယ်ချင်းရေ
တဒင်္ဂသာယာမှူ အလိုရမ္မက်ကြောင့်
လူမျိုးရဲ့ဂုဏ် ...ဘာသာရဲ့ဂုဏ် ...
နိုင်ငံရဲ့ဂုဏ်ကို..ဟိုဟာ နဲ့လဲ
ကဲ နိုင်တဲ့ နင့်ကို ငါ အံ့သြတယ်......
လမ်းတွေ့လည်း နှုတ်မဆက်ပါနဲ့....
ငါ့ဘ၀နဲ့ ငါ့ရဲ့လမ်း
ကြမ်း ချင်သလောက် ကြမ်း နေလိမ့်မယ်
တပါးသားကို သခင်ခေါ်
လင်တော်ချင် နေတဲ့ နင့်ကို
ငါရွံတယ်. . .။ ။
Posted by lovelyvirus at 5:35 AM 0 comments
Tuesday, May 19, 2009
ပုစဉ်းလေးတစ်ကောင် ရဲ့မှတ်တမ်း
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာ နေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်း သွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ် ထားတဲ့ မေတ္တာ တရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ် အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေး တစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေး အပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့ အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီ ဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန် ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲ တွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏ သွားနားတာက လွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှား နေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယ နမ်းနေတယ်။ ပုစဉ်းရင်ကွဲ တစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ် ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေး ကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။
သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန် ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ ဆရာဝန် ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီး ရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..
Posted by lovelyvirus at 8:54 AM 0 comments