မျက်ရည်ကျတဲ့ည မင်းရက်စက်တဲ့ည
အလွမ်းတွေချည်နှောင်နေတဲ့ည
အားလုံးပေါင်းလိုက်ရင်
၃၆၆ ရက်တိုင်ခဲ့ပါပြီ..........။
မင်းကို ချစ်ခဲ့တာလဲ တစ်နှစ်နီးပါးရှိခဲ့ပြီလေ။
ကိုယ်ကချစ်ပြီးမှတော့ လွမ်းရဲရမှာပေါ့......
သူစိမ်းတစ်ယောက်လို မင်းရဲ့ ဆက်ဆံမှူကို
မငှဲ့ကွက်ဘဲ အစေအပါးလို ခယကျိုးနွံခဲ့တာ
သိပ်ချစ်ခဲ့လို့ ဆိုတာမင်းသိမှာ မဟုတ်ဘူး။....
ပန်သူမယ့်ပေမယ့် လောကအတွက်
ရနံ့ပေးနိုင်မယ့် ခရေပန်းလိုမျိုး
မင်းဘ၀မှာ အရေးပါ ပါရစေသားလို့
အချစ်နတ်ဘုရားမှာ........
ဆုတောင်းသော်ညားလဲ......
ဝေးသထက်ဝေး......ကမ္ဘာအပြင်ထိ
ရောက်နေတဲ့ မိုင်နှုန်းတွေ...
တစ်စကန့်လေးတောင်...
မနီးစပ်ပေးနိုင်ဘူးလား.........................
lovelyvirus
Friday, May 29, 2009
ချစ်ခြင်းရဲ့လွမ်းချင်း
Posted by lovelyvirus at 10:32 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment