သူငယ်ချင်းရယ်. . .လူမျိုးကမတူ . . .
ဘာသာက တခြား...မင်းက ဘာကို အားကျနေတာလဲ. . .
တပါးသားကို ဆရာခေါ်…ထင်ပေါ်ဖို့စိတ်ကူး
မင်းအတွေးနဲ့ မင်းစိတ်ကူး
တားလိုပါဘူး . . .
နည်းနည်းတော့အားနာ
မင်း အမျိုး မင်းဘာသာ ကို
ထင်ရာကို စိုင်းပါလို့
မင်းထင်ရာ မင်းလုပ်….သိပ်တော့ မဟုတ်ဘူး . . .
ဒီနိုင်ငံနဲ့ ဒီလူမျိုး
ဒါမျိုးဆိုခက်ချေရဲ့. . .
ဘယ်မှာလဲ ရဲ တဲ့သွေး ..
ဘယ်မှာလဲ မာ တဲ့စိတ်ဓာတ်
ဖြတ်ဖြတ်ကို လူးပါပေါ့
ရူးပါပေ့ သူငယ်ချင်းရယ်.......
နောင်တစ်ချိန် အိမ်ပြန်ကြရင်
ခေါင်းကိုမော့ လို့မာန်ကိုချီ
အသံပီပီနဲ့အော်လိုက်စမ်းပါ
ငါဟေ့ မြန်မာ ... ရွှေမြန်မာ လို့.....
သူငယ်ချင်းရေ
တဒင်္ဂသာယာမှူ အလိုရမ္မက်ကြောင့်
လူမျိုးရဲ့ဂုဏ် ...ဘာသာရဲ့ဂုဏ် ...
နိုင်ငံရဲ့ဂုဏ်ကို..ဟိုဟာ နဲ့လဲ
ကဲ နိုင်တဲ့ နင့်ကို ငါ အံ့သြတယ်......
လမ်းတွေ့လည်း နှုတ်မဆက်ပါနဲ့....
ငါ့ဘ၀နဲ့ ငါ့ရဲ့လမ်း
ကြမ်း ချင်သလောက် ကြမ်း နေလိမ့်မယ်
တပါးသားကို သခင်ခေါ်
လင်တော်ချင် နေတဲ့ နင့်ကို
ငါရွံတယ်. . .။ ။
Wednesday, May 20, 2009
တစ်ယောက်သော သူငယ်ချင်း
Posted by lovelyvirus at 5:35 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment