ကမ္ဘာဦးစကနေ ၀ဲပျံခဲ့တဲ့ ငှက်ငယ်
ငါ့နှလုံးသားမှာ နားခိုနေစဉ်ပေါ့
ဘာသာပြန် တေးသွားတစ်ပုဒ်နဲ့
ရင်ခုန်သွတွေကို ကြိုးညှိ ပေးခဲ့တယ်။
လေညင်းလေးရဲ့ပြောပြချက်က
ဒါဟာ အချစ် ဘဲ့တဲ့ ကွယ်.......
သဘာဝက ပေးတဲ့လက်ဆောင်လား
ဘုမသိ ဘမသိ လက်ခံခဲ့မိတယ်
နောက်ဆက်တွဲ အကျိုးအဆက်က
ဝဲဖက် ရင်အုံမှာ ဓါတ်ပုံ ရိုက်ခဲ့ ပြီလေ...
ရာဇ၀င်ထဲ က နတ်မိမယ်လေး အဖြစ်ပေါ့။
ဖျောက်ဖျက်မရတဲ့ ဒီပုံရိပ်စစ်
မင်းဖြစ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး...
နှလုံးသားကိုခွဲ အမှန်တရားကို ဘဲ့
ပေးတဲ့သူကိုမှ "ချစ်စေ" လို့
ဘယ်သူ အမိန့်ပေးခဲ့တာလဲ....
ဆူးမှန်း သိရက်နဲ့ တက်နင်းခဲ့တဲ့
ငါ့အဖြစ်က ပိုးဖလံမျိုး မီးကိုတိုး သလိုမျိုးလား
မပျံသွားပါနဲ့ ငှက်ခလေးရယ်...
အချစ်ဆိုတဲ့ အဘိဓါန် လေးကို
တိတိကျကျ ဘာသာပြန် ပေးခဲ့ပါကွယ်...........
...နေအိမ်သစ်
Saturday, July 11, 2009
သဘာဝရင်ခုန်သံ
Posted by lovelyvirus at 7:26 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment