BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, May 31, 2009

သစ်ရွက်တွေကြွေတာ လေပြေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးတော့တာလား..????


သစ်ပင်.... ကျွန်တော့်ကို သစ်ပင်လို့ ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို ၀ါသနာပါတယ်။ ကျွန်တော့် အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့ ကျွန်တော်ရဲ့ ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ ဆိုင်း(Sign) အစား ၀င်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော် ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော် အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမ မှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည် ကိုယ်လုံးမရှိဘူး။ သာမန်မိန်းကလေးထဲက တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။
ကျွန်တော် သူမကို ချစ်တယ်... တကယ့်ကိုချစ်တယ်...သူမရဲ့ ရိုးသားမှုကို ချစ်တယ်..သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ သူမရဲ့ အားနည်းချက်၊ သူမရဲ့ အားငယ်မှုတွေကို ချစ်တယ်။ ကျွန်တော် အပျော်သဘောနဲ့ သူ့ကိုချစ်တယ်၊ ကျွန်တော့်အတွက် မထူးခြားတဲ့ သူမက ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့ ထင်မှာစိုးလို့ ကျွန်တော် သူမကို ဖွင့်မပြောခဲ့တာပါ။ ချစ်ခဲ့ကြပြီးရင်လည်း နောက်ဆုံး ခွဲခွာရမှာစိုးလို့၊ ချစ်ခဲ့ကြပြီးရင် ပတ်ဝန်းကျင်က လူတွေ သူမကို ထိခိုက်အောင်ပြောမှာ ကြောက်လို့၊ တစ်နေ့ သူမကို ကျွန်တော် လုံးဝပိုင်ဆိုင်ရမယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ထားမိပြီး တစ်ခြားကောင်မလေးတွေနဲ့ တွဲချင်သေးလို့ သူမကို ကျွန်တော် ဖွင့်မပြောသေးတာလည်းပါတယ်။ကျွန်တော် တစ်ခြားကောင်မလေးနဲ့ တွဲနေတာကိုကြည့်ပြီး သူမ ကျွန်တော်ဘေးမှာ သူငယ်ချင်းလို့ (၃)နှစ်အတူရှိ နေခဲ့တယ်။ (၃)နှစ်လုံးလုံး သူမခံစားခဲ့ရတယ်။ ခံစားနေတာတွေကို ကျွန်တော် မသိအောင် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ သူမကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ပါးနပ်တဲ့ ဒါရိုက်တာတစ်ယောက်ပဲလေ.. တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့ ကျောင်းအဆောင်ဘေးမှာ ချိန်းတွေ့ပြီး၂နမ်းနေကြတာကို သူမနဲ့ ပက်ပင်းတိုးမိတယ်။ သူမက ဟန်ဆောင်ရယ်ရင်း go on ဆိုပြီး ထွက်ပြေးသွားတယ်။ နောက်တစ်နေ့မှာ သူမရဲ့ မို့မောက်နေတဲ့ မျက်လုံးဟာ ညတုန်းက ဘယ်လောက်ခံစားပြီး ငိုထားရတယ် ဆိုတာကို သက်သေပြနေပါတယ်။
ကျွန်တော်လည်း ဘာကြောင့် မျက်လုံးမို့နေတာလည်းဆိုတာကို မသိကျိုးကျွံပြုပြီး မမေးတဲ့အပြင် သူမကို လှောင်ရီနေမိတယ်။ ကျောင်းဆင်းလို့ လူတွေအားလုံးပြန်ကြတော့မှ သူမ စာသင်ခန်းထဲမှာ ခိုးငိုနေတာကို ဘောလုံးကျင့်ရင်း ပစ္စည်းတစ်ခု မေ့ကျန်လို့ ပြန်လာယူတဲ့ ကျွန်တော် စာသင်ခန်း အပြင်ဖက်မှာ သူမငိုနေတာကို တစ်နာရီနီးနီး ရပ်ကြည့်နေတယ်ဆိုတာကို သူမ မသိခဲ့ဘူး။ ကျွန်တော်ရဲ့ နံပတ်(၄)ယောက်မြောက် ကောင်မလေးက သူမကို မလိုလားမနှစ်မြို့ခဲ့ဘူး။
တစ်ခါက သူတို့နှစ်ယောက် အကြီးအကျယ် စကားများကြတယ်။ သူမရဲ့သိမ့်မွေ့တဲ့ စရိုက်က လူတွေကို ရန်မလုပ်တတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်ကောင်မလေးဖက်ကနေပြီး သူမကို ဟောက်လိုက်မိတယ်။ မျက်ရည်တွေကျရင်း သူမကျွန်တော်ကို ကြောင်ကြည့်နေတယ်။ သူမရဲ့ မျက်ရည်ကို လျစ်လျူရှုရင်း ကျွန်တော့်ကောင်းမလေးလက်ကို ဆွဲပြီး စာသင်ခန်းပြင် ဖက်ထွက်သွားလိုက်တယ်။ နောက်ရက်တွေမှာ သူမက ဘာမှမဖြစ်ခဲ့တဲ့ပုံစံနဲ့ ကျွန်တော်နဲ့ စရင်းနောက်ရင်း အရင်လိုပဲ ရှိနေခဲ့တယ်။ သူမ ဘယ်လောက် ခံစားရမယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ကျွန်တော် ပိုခံစားရတယ်ဆိုတာကို သူမ မသိခဲ့ပါဘူး။ကျွန်တော်(၅)ယောက်မြောက် ကောင်မလေးနဲ့ လမ်းခွဲတော့ သူမကိုခေါ်ပြီး စိတ်ပြေလက်ပျောက် ထွက်လည်ကြတယ်။
“ငါ နင့်ကို ပြောစရာရှိတယ်” ဆိုတော့.. အတော်ပဲ ငါလည်း နင့်ကို ပြောစရာရှိတယ်လို့ သူမက ဆိုတယ်။ “ငါ သူနဲ့ လမ်းခွဲလိုက်ပြီ” “ငါ သူ့ကို အဖြေပေးလိုက်ပြီ” “သူ” ဆိုတာ ဘယ်သူလည်းဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ အဲဒီကောင်လေး သူမကို ချစ်ခွင့်ပန်ထားတာ တော်တော်ကြာနေပါပြီ။ သန်မာဖျတ်လတ်ပြီး သွက်လက်သွက်လက် ချစ်စရာ့ ကောင်လေးတစ်ယောက်ပါ။ သူမကို အသဲအသန်၃ပိုးပန်းခဲ့ပါတယ်။ ကျွန်တော်ခံစားသွားရတယ်ဆိုတာ သူမ မသိအောင်ဟန်ဆောင်ရင်း၊ ကြားရတာ ၀မ်းသာကြောင်း ပြောလိုက်တယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ဟန်ဆောင်မှုကို ဆက်မထိန်းနိုင်တော့ဘူး။ ရင်မှာနာကျင်နေတာတွေ ရင်ဝမှာ တစ်ခုခုနဲ့ လာဖိထားသလို ခံစားရတယ်။ အသက်ရှု မ၀တော့ဘူး။ တအားအော်ဖို့ ကြိုးစားတာ အသံတွေက လည်ချောင်းဝမှာ ထစ်ဆို့နေခဲ့တယ်။
ကျွန်တော်ငိုမိတယ်...ချုံးပွဲချ ငိုမိတယ်.....သူမ ချုံးပွဲချငိုတာကို အကြိမ်ပေါင်းမနည်း ကျွန်တော် ကြည့်ခဲ့ဖူးပါတယ်။ စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်တော့မဲ့ နောက်ဆုံးတစ်ရက်မှာ ကျွန်တော့်ဖုန်းထဲမှာ message လေး တစ်စောင်ရှိ နေတာကို သတိထားမိတယ်။ ရက်စွဲကိုကြည့်တော့ လွန်ခဲ့တဲ့(၁၀)ရက်က ကျွန်တော်ချုံးပွဲချငိုခဲ့တဲ့ ရက်လေးပါ။ ဖွင့်ကြည့်ဖို့ ကျွန်တော်မေ့နေခဲ့တာပါ...
“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့် မပေးလို့လား”..... သစ်ရွက်ကျောင်းတုန်းက သစ်ရွက်လေးတွေ စုဆောင်းတာကို ၀ါသနာပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေဟာ နှစ်ရှည်လကြာ မှီခိုခဲ့တဲ့ သစ်ပင်ကို ခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပဲ။ ကျောင်းတုန်းက ကျွန်မနဲ့ အရမ်းခင်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သမီးရည်းစားလို့မဟုတ်ဘဲ တကယ့်သူငယ်ချင်းကောင်း တစ်ယောက်လို ခင်ခဲ့တယ်။ ဒါပေမဲ့ သူပထမ ရည်းစားရတော့ ကျွန်မမှာ မရှိအပ်တဲ့ သ၀န်တိုမှု၊ ရင်ထဲက နာကျင်မှုတွေ ခံစားခဲ့ရတယ်။ (၂)လလောက်နေပြီး သူတို့ပြတ်သွားတော့ ပျော်ရွှင်မှုတွေ သူမသိအောင် ကျွန်မ ထိန်းချုပ်ခဲ့တယ်။
ဒါပေမဲ့ နောက်တစ်လအကြာမှာ သူ ဒုတိယမြောက်ရည်းစားရသွားပြန်တယ်။၎ကျွန်မသူ့ကိုချစ်တယ်...သူလည်း ကျွန်မကို ချစ်တယ်ဆိုတာ ကျွန်မသိတယ်...ဒါပေမဲ့....သူဘာလို့ ကျွန်မကို ဖွင့်မပြောသေးတာလဲ....နှစ်ယောက်စလုံး ချစ်နေလျက်နဲ့ သူဘာလို့ မတုန်မလှုပ်လဲ....သူရည်းစားတစ်ယောက် ပြောင်းတိုင်း ကျွန်မရင်တစ်ခါနာရတယ်...ခံစားရတယ်....တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်သံသယဖြစ်မိတယ်။ ကျွန်မကပဲ သူ့ကို တစ်ဖက်သတ် ချစ်နေမိတာလား..ကျွန်မကို မချစ်ဘူး ဆိုရင်လည်း ဘာလို့ ကျွန်မအပေါ် သဘောကောင်းနေတာလဲ...သူသဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်း ထက်တောင်လွန်နေပြီ...
လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ်...သူရဲ့အကြိုက်တွေ အကျင့်တွေ ကျွန်မအပေါ်ဆက်ဆံမှုတွေ ကျွန်မ ကောင်းကောင်း နားလည်နိုင်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်စ ဖွင့်ပြောရမလား ဆိုတာကို ကျွန်မ မခန့်မှန်းတတ်ခဲ့ဘူး။ဘာပဲဖြစ်ဖြစ်လေ.... သူဖွင့်ပြောလာမဲ့ရက်ကို မျှော်ရင်း ကျွန်မသူ့ ဘေးမှာပဲ ရှိနေချင်ခဲ့တယ်။
သူ့ကိုပဲ ဂရုစိုက်ချင်တယ် ချစ်ချင်တယ်။ ညည သူ့ဖုန်းသူ့ message ကို မျှော်နေရသလိုပေါ့။ သူဘယ်လောက်ပဲ အလုပ်တွေရှုပ် မအားတဲ့ကြားက ကျွန်မအတွက်တော့ အချိန်တစ်ချိန် သူချန်ထားတတ်သေးတယ်ဆိုတာ ကျွန်မသိနေတယ်လေ...ဒီလိုနဲ့စောင့်စားရင်း (၃)နှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။ စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းပါတယ်။ လက်လွှတ်ချင်ပေမဲ့လည်း ရောက်ရှိလာမဲ့ ရက်ကို ကြိုတွေးပြီး ကြည်နူးရင်း ဆက်စောင့်မျှော်နေချင်တယ်။
ဒီလိုပင်ပန်းခြင်း၊ နာကျင်ခြင်း၊ ပျော်ရွှင်ခြင်း၊ တွေဝေခြင်းတွေဟာ (၃)နှစ်လုံးလုံး ကျွန်မနဲ့အတူ ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲ ဖြေဖို့ နီးလာတော့ တခြားအခန်းက ကောင်လေးတစ်ယောက် ကျွန်မကို အသဲအသန်ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မ နှလုံးသားရဲ့ နေရာ တစ်စိတ်တစ်ဒေသကို တဖြေးဖြေး စိုးမိုးလာခဲ့တယ်။ ၅ ကောင်လေးဟာ နွေးထွေးတဲ့ လေလိုပါပဲ... ကျွန်မရဲ့ နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်ခိုက်နိုင်စွမ်းတယ်... နောက်တော့ ကျွန်မရဲ့ နှလုံးသားတစ်နေရာစာ မကတော့ပါဘူး ကျွန်မရဲ့ နာကျင်ခြင်း၊ စောင့်စားခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နှလုံးသား သစ်ရွက်လေးကို လေနဲ့အတူ ပျော်ရွှင်မဲ့နေရာကို ကောင်လေး ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ်။ သစ်ရွက်လေး သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ် နေခဲ့ပါလို့လဲမတားခဲ့ပါဘူး။
“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”........
လေပြေ........ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက သူချစ်တဲ့ သစ်ပင်တစ်ပင်မှာ ခံစားချက်တွေ ဖုံးကွယ်ရင်း မှီခိုပြီးနေတယ်။ ကျွန်တော် လေ လုပ်ရတော့မယ်။ သစ်ရွက်လေး ပျော်ရွှင်အောင် ကူညီစောင့်ရှောက်ပေးတဲ့ လေ လုပ်ရတော့မယ်။ ကျွန်တော် သူမကို စပြီး သတိထားမိတဲ့ အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်းလာပြီး တစ်လအကြာမှာပါ။ သေးငယ်တဲ့ သူမရဲ့ ကိုယ်လုံးနဲ့ ဘောလုံးကွင်းဘေးမှာ ထိုင်ရင်း မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်းလေးတစ်ယောက်ကို စူးစိုက်ကြည့်နေတတ်တယ်။ သူမ တစ်ယောက်ထဲပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သူမအဲဒီနေရာလေးမှာ ထိုင်ပြီး ငေးကြည့်နေတတ်တာ အားကစား အချိန်တိုင်းပဲ။
ကောင်လေးက တစ်ခြား ကောင်မလေးတွေနဲ့ ရယ်မောနေရင် သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့... ကောင်လေး သူမဖက် လှည့်လာပြီဆိုရင် သူမရဲ့ မျက်လုံးအိမ်မှာ အပြုံးစတွေနဲ့... သူမ အဲဒီကောင်လေးကို အမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူမကို အမြဲစောင့်ကြည့်ရမဲ့အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။
၆ တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူမကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာ စိုးရိမ်မှုတွေ ၀င်ရောက်လာတယ်။ ဘယ်လို စိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော် ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူမ အမြဲစောင့်ကြည့်နေတဲ့ ကောင်လေးလည်း ရှိမနေလို့ ကျွန်တော် စိတ်မချတာနဲ့ သူမရဲ့ စာသင်ခန်းဖက်ကို ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့ အချိန်မှာ ကောင်လေးရဲ့ ဆူပူသံ၊ သူမရဲ့ ရှိုက်သံ ကောင်လေးရဲ့ ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ်။ နောက်ရက်တွေမှာ သူမဟာ အရင်ကလိုပဲ ဘောလုံးကွင်းဘေးမှာ ကောင်လေးကို ငေးနေပြန်တယ်။ ကျွန်တော် သူ့ဘေးကို လျောက်သွားပြီး ပြုံးပြလိုက်တယ်။ နောက် စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူမက အံသြတဲ့ပုံစံနဲ့ ကျွန်တော့်ကို ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကို ယူလိုက်တယ်။ နောက်တစ်နေ့မှာ စာရွက်ခေါက်လေးကို ကိုင်လို့ ကျွန်တော်နား သူမရောက်လာတယ်။
“သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း မပါနိုင်ဘူး" သစ်ရွက်ရဲ့ စိတ်ဟာ လေးနက်ခိုင်မြဲတာ မဟုတ်ဘူး ... သစ်ရွက်က သစ်ပင်ကို မခွဲနိုင်တာပါ” အဲဒီလို သူမနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူမတစ်ဖြည်းဖြည်း ကျွန်တော်ကို စကား ပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့ လက်ဆောင်တွေကို လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာတယ်။ သူမ ကျွန်တော့်ကို မချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။
ဒါပေမဲ့ သူမ ကျွန်တော့်ကို ချစ်လာနိုင်တဲ့အထိ ကျွန်တော် ဇွဲလုံလရှိခဲ့တယ်။သူမနဲ့ သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူမ စကားလှမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်သေးပါဘူး။ ကျွန်တော်သူမကို အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် ပိုင်ဆိုင်ချင်လာတယ်.. သူမရဲ့၇အချစ်ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားလိုက်မိတယ်။ သူမ မချစ်မှန်း သိလျှက်နဲ့ သူမအဖြေပေးလာမဲ့ ရက်ကို စောင့်စားရင်း ကျွန်တော်သူ့ဘေးမှာ ရှိနေခဲ့တယ်။ “ဘာလုပ်နေတာလဲဟင်...ကျွန်တော်ပြောတာတွေ ကြားလား.. ဘာလို့ ကျွန်တော်ကို စကားပြန်မပြောတာလဲ.. မေးတာလဲ ဖြေအုန်းလေ” “ကျွန်မခေါင်းငြိမ့်နေတယ်” “ဟင်” ကျွန်တော်နား ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပဲ... “ကျွန်မခေါင်းငြိမ့်နေပါတယ်” သူမပြန်အော်ပါတယ်... ကျွန်တော် ဖုန်းကို ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကို ကောက်စွပ်ပြီး သူမအိမ်ဖက် ဆိုင်ကယ် အပြင်း မောင်းထွက်ခဲ့တယ်။ အိမ်ရှေ့ဘဲလ်ကို နိုက်လိုက်ပြီး သူမ ထွက်လာချိန်မှာတော့ သူမကို တင်းတင်းလေး ဖက်ထားလိုက်မိတယ်။
“သစ်ရွက်လေးကြွေတာ လေရဲ့ ခေါ်ဆောင်မှုကြောင့်လား သစ်ပင်က နေခွင့်မပေးလို့လား”...............

Friday, May 29, 2009

ချစ်ခြင်းရဲ့လွမ်းချင်း

မျက်ရည်ကျတဲ့ည မင်းရက်စက်တဲ့ည
အလွမ်းတွေချည်နှောင်နေတဲ့ည
အားလုံးပေါင်းလိုက်ရင်
၃၆၆ ရက်တိုင်ခဲ့ပါပြီ..........။
မင်းကို ချစ်ခဲ့တာလဲ တစ်နှစ်နီးပါးရှိခဲ့ပြီလေ။
ကိုယ်ကချစ်ပြီးမှတော့ လွမ်းရဲရမှာပေါ့......

သူစိမ်းတစ်ယောက်လို မင်းရဲ့ ဆက်ဆံမှူကို
မငှဲ့ကွက်ဘဲ အစေအပါးလို ခယကျိုးနွံခဲ့တာ
သိပ်ချစ်ခဲ့လို့ ဆိုတာမင်းသိမှာ မဟုတ်ဘူး။....

ပန်သူမယ့်ပေမယ့် လောကအတွက်
ရနံ့ပေးနိုင်မယ့် ခရေပန်းလိုမျိုး
မင်းဘ၀မှာ အရေးပါ ပါရစေသားလို့
အချစ်နတ်ဘုရားမှာ........
ဆုတောင်းသော်ညားလဲ......
ဝေးသထက်ဝေး......ကမ္ဘာအပြင်ထိ
ရောက်နေတဲ့ မိုင်နှုန်းတွေ...
တစ်စကန့်လေးတောင်...
မနီးစပ်ပေးနိုင်ဘူးလား.........................
lovelyvirus

Wednesday, May 27, 2009

အနီရောင် မျက်ရည်တစ်စက်

ည... အမှောင်ထုက တဖြေးဖြေး လွှမ်းမိုးလာသည်။ ချုံစပ်မှ အကောင်ငယ်လေး များ၏ အော်သံသည် တိတ်ဆိတ်သော ညကို ပိုအသက်ဝင်စေသည်။ ချောင်ကျကျ သစ်ပင်တစ်ပင်၏ သစ်ရွက် တစ်ရွက်ပေါ်တွင် ခြင်လေးနှစ်ကောင် နားနေသည်။ ခြင်တစ်ကောင် က သစ်ရွက်ပေါ်တွင် တွဲခိုနေသော အေးခဲနေသည့် နှင်းရည်ကို စုပ်ယူရင်း ဘေးတွင် စိတ်ကောက်နေသော ခြင်မအား တစ်ချက်တို့လိုက်ပြီး စိုးရိမ်သော အသံဖြင့် ချော့နေသည်။

“ရှင်မ.. တစ်နေ့လုံး ဘာမှ မစားမသောက်ဘူး။ နှင်းရည်လေး သောက်လိုက်ပါလား”
ခြင်မက နှင်းရည်များဖြင့် စွတ်စိုနေသော သစ်ရွက်ကို တစ်ချက်ကြည့်ရင်း....
“အေးစက်နေတဲ့ ဒီအရာကို ကျွန်မ ဘယ်လို မျိုချရမလဲ..? နေ့တိုင်း ရှင်ဒီစကားပဲ ပြောနေတာ စိတ်ကုန်လာပြီ” မကျေမနပ်နှင့် မျက်စောင်းခဲ၍ဆိုသည်။

“လူတွေနဲ့မှ ရင်ဆိုင်ချင်တာလား ရှင်မရယ်.. သူတို့က အနံ့အသက် အမျိုးမျိုးနဲ့ ကျုပ်တို့ကို ဆွဲဆောင်နေကြတာ.. အဲဒီအနံ့တွေရတိုင်း ကျုပ်ကတော့ မူးမေ့မတတ်ဘဲ.. မတော်လို့ ရှင်မ တစ်ခုခု....” ခြင်ဖိုက စိတ်ပူစွာပြောသည်။

“ရှင် သိပ်ပျော့ညံ့လွန်းတယ်” အေးစက်စက် တစ်ချက်ကြည့်ရင်း သူမ ထပျံသွားသည်။
သူမ ပျံဝင်သွားသော အိမ်၏ ပြတင်းပေါက်မှ ဖြာကျလာသော အလင်းတန်းကို ကြည့်ပြီး သူ ရတက်မအေးတော့။ ဘာကြောင့်မှန်းမသိ ဒီည တစ်ခုခုဖြစ်မည် ဆိုတာကို သူကြိုသိနေသည်။ သစ်ရွက်ပေါ်တွင် နားနေရင်း သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေမိသည်။

သူမကို တွေ့ချင်စိတ်တွေ ပြင်းပျလာသည်။ သူမ အန္တရာယ်မှ ကင်းပါ့မလား... ? လူသွေးကိုမှ တပ်မက်သော သူမ၏ စိတ်ဆန္ဒကို သူ မတားဆီးနိုင်ခဲ့။ သူမ၏ တစ်ဇွတ်ထိုးနိုင်မှုက သူတို့ဘ၀ကို ပျက်ဆီးသွားစေနိုင်သည်ဟု သူ စိတ်မကောင်းစွာ တွေးမိသည်။


နှင်းများ ပိုသိပ်သည်းလာသည်။ အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း သူမ ထွက်အလာကို ရင်တထိတ်ထိတ်နှင့် စောင့်နေမိသည်။ စိုးရိမ်စိတ်ဖြင့် စောင့်နေရတာကို သူ စိတ်မရှည်ချင်တော့။ မိမိအသက်ကို မမှုတော့ဘဲ ပြတင်းပေါက်ထဲ ပျံဝင်သွားသည်။ မီးရောင် မှိန်မှိန်အောက်တွင် လူ၏လက်မောင်းက သွေးကြောထဲ ခေါင်းကို နစ်ပြီး အငမ်းမရ စုပ်ယူနေသော သူမကို တွေ့လိုက်မိသည်။ စုပ်အားကြောင့် တောင်ပံလေးတွေတောင် တုန်ခါနေပါလား..! လူ၏သွေးများ သူမ ခန္ဓာကိုယ် သွေးကြောစိမ်းစိမ်းလေးထဲ ၀င်ရောက်သွားခိုက် ဘယ်ဖက်ပုခုံးကို လှုပ်တောင် မလှုပ်သော လူ၏ ညာဖက်လက် မြှောက်လိုက်သည်ကို သူ အထိတ်တလန့် မြင်လိုက်ချိန်မှာတော့....

“မြန်မြန်ရှောင်”

သူ အဆုတ်ကွဲမတတ် အော်ပြီး သတိပေးလိုက်သော်လည်း မမီတော့...
အရှိန်ပြင်းသော လက်ဝါးဒဏ်ကြောင့် သူမ ကြမ်းပြင်ပေါ်သို့ လုံးထွေးပြီး ပြုတ်ကျသွားသည်။ သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော သူမဘေးသို့ သူ ချက်ချင်းရောက်သွားသည်။ သူမကို ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်မိသည်။ မျက်ရည်များ အဆက်မပြတ် ကျလာသည်။ မျက်ရည်များဖြင့် ပြည့်နေသော မျက်စိကို သူမ အားယူဖွင့်ရင်း သူ့ကို ကြည့်လိုက်သည်။

“နှမျောဖို့ ကောင်းလိုက်တာ... အသက်တွေ ဆုံးရှုံးရတော့မှာပါလား”

ညည်းညူနေသော သူမကို ထောင်မတ်ပေးရင်း.....
“ဘာဖြစ်လို့ ကျုပ်တားတာကို လက်မခံခဲ့တာလဲ ရှင်မရယ်”

“ရှင်မ သိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ရှင်မမှာ ကိုယ်ဝန်ရှိနေပြီ။ နှင်းစက်လေး သောက်ရုံနဲ့ ကလေးတွေအတွက် အဟာရ မရနိုင်ဘူး။ အန္တရာယ်ရှိမှန်း သိလည်း ကလေးအဟာရ အတွက် လူသွေးကိုမှ တောင့်တမိတာပါ။ ရှင်မ သေမယ်ဆိုတာ


သိပြီးသားပါ။ လူတွေကို မဆန့်ကျင်၊ မနာကျင်စေချင်တဲ့ ရှင်ကတော့ မသေနိုင်သေးပါဘူးလေ”

သူမ မျက်တောင်ကို ပုတ်ခတ်ပြီး အားတင်းပြုံးလိုက်ရင်း...
“ကလေးမွေးပြီးနောက်ပိုင်း အားအင်တွေ ကုန်ခမ်းနွမ်းနယ်ပြီး သေရမယ့်အတူတူ လူတွေ ရှင်မတို့ကို ဘယ်လောက်မုန်းတီးနေလည်း ရင်သွေးတွေအတွက် အကောင်းဆုံး အဟာရကို ပေးခဲ့ချင်ပါသေးတယ်”

“ဘာဖြစ်လို့.. ဘာဖြစ်လို့ အစက မပြောခဲ့တာလဲ ရှင်မရယ်”

“ရှင်မကို သိပ်ချစ်မှန်း သိပါတယ်။ အစက ပြောပြခဲ့ရင် ရှင်မကိုယ်စား ရှင်ခံရမယ်ဆိုတာ သိလို့၊ ရှင်မကိုယ်စား ရှင်အသေခံမယ်ဆိုတာ သိလို့ မပြောရက်ခဲ့တာပါ။ ရှင့်အတွက် ရင်သွေးလေးတွေ မွေးဖွားခဲ့ရမယ်ဆိုရင် ရှင်မ သေရကျိုးနပ်ပါတယ်။ အရင်ဘ၀က ၀ဋ်ကြွေးအတွက် ဒီဘ၀မှာ ဆပ်ခဲ့ချင်ပါတယ်။ ခုတော့.....”

“ဒါတွေဟာ ကျုပ် မသုံးမကျခဲ့လို့ပါ။ ရှင်မကို ကျုပ်မကာကွယ်နိုင်ခဲ့ဘူး။ လိုချင်တာကို မပေးနိုင်ခဲ့ဘူး။ ရှင်မ တော်တော်ခံခဲ့ရတယ်။ နောင်ဘ၀.. နောင်ဘ၀သာ ရှိမယ်ဆိုရင် ကျုပ်တို့နှံကောင် လုပ်ကြရအောင်နော်။ မင်္ဂလာဦးညမှာ ကျုပ်ကိုစားပြီး ကျုပ်အတွက် ကလေးမွေးပေးပါနော်။ ကျုပ်ရဲ့သွေးတွေ ရှင်မကိုယ်ထဲ လည်ပတ်ပြီး ရင်သွေးတွေအတွက် အဟာရ ဖြစ်ခဲ့မယ်ဆိုရင် ကျုပ်သေပျော်ပါပြီ ရှင်မရယ်”

“မဟုတ်ဘူး.. မဟုတ်ဘူး.. ရှင်မတို့ ပုစဉ်းရင်ကွဲ လုပ်ကြရအောင်။ နေ့တိုင်း နှင်းရည်တွေ သောက်ပြီး ပျော်ရွှင်စရာ သီချင်းတွေ ဆိုကြရအောင်နော်။ သတိ... သတိထား.. လူလာနေပြီ.. မြန်မြန်သွားတော့...”
မျက်ရည်များ တလိမ့်လိမ့် စီးကျရင်း သူမ အသက်ကို ပြင်းပြင်းရှုပြီး သတိပေးလိုက်သည်။



သူ နောက်ကို တစ်ချက်လှည့်ကြည့်ရင်း နောင်တမဲ့စွာ ပြုံးလိုက်မိသည်။
“ကျုပ်တို့ နောင်ဘ၀ကျရင် ပုစဉ်းရင်ကွဲ လုပ်ကြမယ်ဆို”

“ဖြန်း...”
အားပါသော ရိုက်သံနှင့်အတူ ကျေနပ်သော စကားသံတစ်ခု...
“ဟင်း... သေစမ်း.... နောက်တစ်ကောင်”

သူမသေခင် သူမကို တင်းတင်းလေး ဖက်ထားမိသည်။ သူတို့ ကိုယ်ပေါ်မှ စီးကျလာသော သွေးများ ရောယှက်မိပြီး အနီရောင် မျက်ရည်စက် တစ်စက်အဖြင့် ပေါင်းစပ်သွားလေတော့သည်။

Sunday, May 24, 2009

သို့............

သို့.................. ဆိုတဲ့စကားတစ်ခွန်းဖြစ်ဖို့ .... ငါတိုဘယ်လောက်ထိဝေး၇မှာလည်း....
ငါမပြောမိတဲ့ စကားတစ်ခွန်းက.... မင်း၇င်ဘတ်မှာပဲ့တင်ထပ်နေမှာပါ....
ကံကြမ္မာတံတိုင်းက နေ၇ာတိုင်းမှာခြားထားတော့..
ငါတို့ ဝေး၇တာ ဘာမှမဆန်းပေမယ့်...
ငါ၇င်ထဲမှာ အဆက်မပြတ်လွမ်းတယ်....
တစ်ထောင့်တစ်နေ၇ာမှာ စောင့်နေတာ....
သူသိစေလိုတယ်………ခွဲခွါခြင်းဆိုတာ....
ငါ့ဘဝရဲခြောက်ကပ်မူတွေကို အ၇စ်ကျပေးဆပ်နေ၇တာ....
သူ၇ဲ့ နုတ်ဆက်လက်အပြမှာ ဘဝဟာ သစ်၇ွှက်ခြောက်လို..
လွယ်လွယ်လေးကြွေကြခဲ့တယ်...။ ။

မဟောင်းတဲ့ ခင်မင်မှုနဲ့ ငါ့ဘက်က မပြောင်းခဲ့ပါဘူး..
ကောင်းမကောင်းဆုံးဖြတ်တာ နင့်အကြောင်းတရားပါ။

နင်ကြောက်တဲ့ ဥပစ်ခါကို နင်ကိုယ်တိုင် လုပ်ခဲ့တာလေ။

အဆုံးသတ်ဖို့ သေချာပြီ…
ဘယ်လောက်ပဲနာကျင်နေပါစေ
ငါနင့်ကိုမမေ့ဘူး….
ရင်ဘက်ထဲက နာကျင်ပေမဲ့
နင့်ကိုဆက်ချစ်ခွင့်ပေးပါ
ငါကိုရူးတယ်ပြောပြော…. ကန်းတယ်ပြောပြော…..

လမ်းခွဲရမယ်ဆိုတဲ့ စကားအောက်မှာပဲ
နာကျင်စွာ လမ်းခွဲပေးပါ့မယ်
ငါ့ကိုထားသွားတဲ့ နင့်ကိုငါမမုန်းဘူး
ငါနင့်ကိုချစ်တယ် နင်ကိုမမြင်လိုက်ရတဲ့ အချိန်လေးမှာ
ချစ်မိသွားတဲ့ ငါ့ကိုငါတော့
သေလောက်အောင်မုန်းမိတယ်..
ငါတစ်ယောက်ထဲ အသည်းကွဲ
မှတ်တမ်းမှာ စာတွေရေးနေမိပြီ
ငါ့နှလုံးသားနာကျင်အောင်
စကားတွေဖောင်ဖွဲ့ပြီး
ငါ့ကိုမနှိပ်စက်ပါနဲ့
ငါ့ကိုမုန်းတယ်ဆိုတဲ့ စကားလေးနဲ့ပဲ
င့ါအတွက်လက်ဆောင်အဖြစ်ပေးခဲ့ပါလို့
တောင်းဆိုပါရစေ ………
နင်ကျေနပ်အောင်
နင့်ဘေးက ငါထွက်သွားပေးပါမယ်။……။

ကိုယ်တိုင်ရေး essay

..ဘောင်ခတ်ချင်နေတဲ့ ခင်ဗျားတို့ လက်တွေကို
..ကျေးဇူးပြုပြီး ရုတ်ပေးကြပါ....
..သမာရိုးကျဆိုတဲ့ ခေါင်းစဉ်အောက်မှာ
..မနေချင်တိုင်း ဗီလိန်ဖြစ်ပြီတဲ့လား.....
..အဓိကဇာတ်ကောင် မပါတိုင်း ..
..ဇာတ်လမ်းကျောရိုး မပါတိုင်း ..
..၀တ္ထု မဟုတ်တော့ဘူးလား....
..ဒါဆိုလည်း ကိုယ်တိုင်ရေးအက်ဆေးပေါ့...
..နဘေတွေ ကာရံတွေမပါတိုင်း
..ကဗျာ မဟုတ်တော့ဘူးလား
..ဒါဆိုလည်း ကိုယ်တိုင်ရေးရင်တွင်းဖြစ်ခံစားချက်ပေါ့..
..ဟုတ်တယ်..............
..ခင်ဗျားတို့ နဲ့ ကျွန်တော်...
..ရည်ရွယ်ချက်ချင်းက တူတယ်..
..လမ်းရိုးအတိုင်း မသွားချင်လို့ 
..လမ်းသစ်ဖောက်ပြီးသွားတာပဲရှိတယ်..
..အဓိက က..
..ခင်ဗျားတို့ ကျွန်တော်တို့ ပေးချင်တာတွေ
..သူတို့ ရဲ့ ရင်ထဲရောက်သွားဖို့ ပဲမဟုတ်လား.....
..ဒါကြောင့် သုံးလွန်းတင်ကြိုးအဟောင်းကြီးနဲ့ 
..မချည်နှောင်ချင်ပါနဲ့ တော့..
..အဆုံးမဲ့ လွတ်လပ်ရာဆီ..(လွပ်လပ်စွာနဲ့ )
..ကျွန်တော် ပျံသန်းပါရစေ............

နင်နဲ့ငါ

မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို
တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ
ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက်
တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိုလ်ပြာကြီးထဲမှာ
ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?
တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်လွန်း သလား? အဲဒီတွေ့ဆုံခြင်းမှာ
နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။

တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူနဲ့
ထပ်ဆုံချင်ပေမယ့်
တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။

ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်ကို တန်ဖိုးထားကြပြီး နွေးထွေးမှုတွေ၊
အကြင်နာတွေ နဲ့ခင်မင်ကြတာပေါ့။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့နော်။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်လေ။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့.....
သဘောတူတယ်ဟုတ်???

မညီမျှခြင်း

-ချစ်သူ
ငါစခဲ့တဲ့ ဇာတ်လမ်း
ခြေတစ်လမ်းမှ မမှားခဲ့ဘူး
(ငါ) တာဝန်ယူရဲတယ်...

-ချစ်သူ
ငါသာ မာနကို ရှေ့တန်းတင်ရင်
မင်း ခုလောက်ဆို
ယိုင်နဲ့ ပြိုကျလောက်ပြီ..
ဒါပေမယ့်
(ငါလေ) မလုပ်ရက်ခဲ့ပါဘူး.....

-ချစ်သူ
မင်းကို သတိပေးချင်တာက
ဖြူစင်နေတဲ့ မင်းမျက်နှာကို
မင်း အတ္တတွေကြောင့်
(ငါ) မှောင်မသွားစေချင်ဘူး။.....

-ချစ်သူ
မင်းရဲ့ စိတ်ဆင်းရဲမှုက
အပေးနဲ့အယူ
အလေးချိန် မတူလို့တဲ့
စတွေ့တုန်းက တောင်
(ငါ့ကို) ညီမျှအောင်
မင်းပေးခဲ့ဖူးလား.....

စကား တစ်ခွန်းရှိတယ်
"ကိုယ်စိုက်တဲ့ သစ်ပင်ကို
ကိုယ်တိုင်ဘဲ့ ရိတ်သိမ်းရတယ်" တဲ့
(ငါ) မင်းအတွက်
အသီးအပွင့် ကိုတောင်
မင်းကိုယ်စား ဆွတ်ခူးပေးခဲ့တာ
ဒါကြောင့်...........
ရာဇ၀င်မှာ ငါ့နာမည်လေး
မှုန်ဝါးဝါး ကျန်နေတော့မှာပါ................
laypyay

ကြိုး

တကယ်ဆို မချည်ချင်ခဲ့ဘူး........
ရင်ခုန်သံတွေ ဖောင်းပွမှ
ဖြည်မရအောင် ရှုပ်ခဲ့ရ
ငါ့နံရိုး အောက်က
ရင်ခုန်သံမှာ.........
မာယာ တွေ
အတုံးလိုက် အတစ်လိုက်
တစ်ခါတစ်ခါ ကိုယ့်စကား လုံး ကိုယ်စီရင်း
ကိုယ့်ဟာကိုယ် အိပ်တန်းတက်
မှောင်မိုက် လွန်းပါတယ်....
အလွမ်းတွေ ရှုပ်ပွ
ဒုက္ခ တော့ မဟုတ်ပါဘူး...
လွမ်းရတာကိုက
ချစ်ဖို့ ကောင်းနေတာ......

Wednesday, May 20, 2009

မင်းအတွက်

ခံနိုင်ရည်တွေ..မွေးခဲ့ပေမဲ့.. ငါဘ၀မှာခံနိုင်ရည်ဆိုတာ.. မရှိခဲ့တော့ဘူး...ချစ်သူ.. မင်းရဲ့လှည့်ကွက်ကြီးအောက်မှာ..
ငါကျရှုံးလို့... ငါခံစားချက်ကြီးအားလုံး.. အဆိပ်တွေသင့်ခဲ့တယ်.. မင်းလက်မပြခဲ့ရင်တောင်မှ..
ငါကို..ခဏလောက်တော့.. ပြုံးပြသင့်ပါတယ်..... ငါဘ၀ကို..မစာနာချင်နေပါ.. မရက်စက်ပါနဲ့..နော်...
ငါ့ရဲ့ အထ္ထုပ္ပတိမှာ ကြေကွဲမှု့တွေပြည့်လို့ ငါ့ရင်ကို မင်းစားသွားပြန်ပြီ။
အာသာငမ်းငမ်းအလွမ်းတွေနဲ့ နှလုံးသားကို ပြက်ရယ်ပြု အံတုခဲ့တာတွေ
မင်းအတွက်ပါပဲ....... မင်းအတွက်ပါပဲ ကောင်မလေးရယ်၊
ကျိန်စာတွေလား မင်းရဲ့သယ်ဆောင်ရာမှာ ငါ မျက်ရည်တွေ ချွဲနစ်ခဲ့၊
အရင်လို မင်းရဲ့ဖုန်းသံတွေ မျှော်လင့်နေတုန်းပါပဲ ။..။…..။
မင်းရဲ့အတောင်ပံတွေနဲ့ ငါ့ရဲ့အလွမ်းတွေကို သယ်ဆောင်သွားပါ မိန်းကလေးရယ်...
မင်းမရှိတော့တဲ့ ငါ့ရဲ့နံဘေးမှာ အတွေးတွေထူထပ် အလွမ်းနာကျနေပါပြီကွယ်။
မင်း................ မင်း မပြေးပါတော့နဲ့ကွယ် ငါ့ အနားက ထွက်မသွားပါနဲ့တော့နော်။
မှန်၇ာကိုဆိုပါ၇စေ..ငါကြာကြာမညာနိုင်တော့လို့ပါ.. ဒဏ်၇ာဆိုတာ..အမြဲနာကျင်စ၇ာမဟုတ်တော့ဘူး..
ငါကိုယ်တိုင်တ၇ှိုက်မတ်မတ် တပ်မက်နေမိလို့... ငါ့အတွက် သိပ်ချိုမြိန်နေတဲ့အခါ...
ကြင်နာတ၇်ဆိုတာ နာကျင်တာတွေကိုဖြေဖို့.. အ၇င်းထဲမှာ နင်ထည့်ပေးလိုက်တဲ့.. အပိုဆုလေးများလား..
ငါသည် နာကျင်သောခန္ဒာကိုယ်ကို ပိုင်ဆိုင်သော်လည်း.. မ၇ိုင်းစိုင်းသော အသဲတစုံကို ၇င်ဝယ်ပိုက်ထားသူဖြစ်သည်..လို့
အချစ်နတ်ဘု၇ားဆီမှာ တိုင်တည်ခဲ့ဖူးပါတယ်.. ………………………………………………
တချိန်က ဆိုတဲ့အတိတ်မှာ……..ငါနဲ့နင် ဖြူစင်စွာ၇ှင်သန်ခဲ့ဖူးလေမလား..?? ချစ်ခဲ့ဖူးလေမလား..??
ငါဆိုတဲ့ ကောင်လေးတယောက်ကသာ ၇ူးသွပ်ခဲ့ဖူးတာလား??
အတိတ်ဆိုတာ တလို့ကောင်းတဲ့ အ၇ာမဟုတ်ဘူး
အနာဂတ်မှာ..ငါဘာဆက်လုပ်၇မလဲမသိတော့လို့..
အခုလောလောဆယ်..စာထိုင်ေ၇းနေမိတယ်...
ပြန်လာပါလို့ခေါ်၇မလား... ??? ငါ့နှလုံးသားထဲက နင့်ကို မောင်းထုတ်လိုက်၇မလား...... ???
ဒါမှမဟုတ်.... …….ငါ့နှလုံးသားကို ပဲကြိုးစင်တင်၇မလား...... ?????
ငါ့ခန္ဒာ ကိုဘဲပြာမှုန်လေးတွေအဖြစ် လေပြေမှာ မျောလွင့်စေမလား.. ????
ငိုခြင်းနဲ့ ၇ယ်ခြင်း ကြားမှာ..ပုံသေနည်းတွေမှားနေတ၇်.. ငါနင့်ကိုမုန်းချင်တဲ့အခါ ဟားတိုက်၇ီနေမိပြီး..
ငါ့ကိုယ်ငါ ပြောင်းလဲဖို့ကြိုးစားမိတဲ့အခါ အော်ဟစ်ငိုကြွေးနေမိတ၇်....
တကယ်တော့...ငါ့အတွက်………….နာကျင်ခြင်းဆိုတာ..ကြင်နာခဲ့မိခြင်းတွေ၇ဲ့ နောင်တဆိုးကျိုးတွေပေါ့..

တစ်ယောက်သော သူငယ်ချင်း

သူငယ်ချင်းရယ်. . .လူမျိုးကမတူ . . .
ဘာသာက တခြား...မင်းက ဘာကို အားကျနေတာလဲ. . .

တပါးသားကို ဆရာခေါ်…ထင်ပေါ်ဖို့စိတ်ကူး
မင်းအတွေးနဲ့ မင်းစိတ်ကူး
တားလိုပါဘူး . . .

နည်းနည်းတော့အားနာ
မင်း အမျိုး မင်းဘာသာ ကို
ထင်ရာကို စိုင်းပါလို့
မင်းထင်ရာ မင်းလုပ်….သိပ်တော့ မဟုတ်ဘူး . . .

ဒီနိုင်ငံနဲ့ ဒီလူမျိုး
ဒါမျိုးဆိုခက်ချေရဲ့. . .
ဘယ်မှာလဲ ရဲ တဲ့သွေး ..
ဘယ်မှာလဲ မာ တဲ့စိတ်ဓာတ်
ဖြတ်ဖြတ်ကို လူးပါပေါ့
ရူးပါပေ့ သူငယ်ချင်းရယ်.......

နောင်တစ်ချိန် အိမ်ပြန်ကြရင်
ခေါင်းကိုမော့ လို့မာန်ကိုချီ
အသံပီပီနဲ့အော်လိုက်စမ်းပါ
ငါဟေ့ မြန်မာ ... ရွှေမြန်မာ လို့.....

သူငယ်ချင်းရေ
တဒင်္ဂသာယာမှူ အလိုရမ္မက်ကြောင့်
လူမျိုးရဲ့ဂုဏ် ...ဘာသာရဲ့ဂုဏ် ...
နိုင်ငံရဲ့ဂုဏ်ကို..ဟိုဟာ နဲ့လဲ
ကဲ နိုင်တဲ့ နင့်ကို ငါ အံ့သြတယ်......

လမ်းတွေ့လည်း နှုတ်မဆက်ပါနဲ့....
ငါ့ဘ၀နဲ့ ငါ့ရဲ့လမ်း
ကြမ်း ချင်သလောက် ကြမ်း နေလိမ့်မယ်

တပါးသားကို သခင်ခေါ်
လင်တော်ချင် နေတဲ့ နင့်ကို
ငါရွံတယ်. . .။ ။

Tuesday, May 19, 2009

ပုစဉ်းလေးတစ်ကောင် ရဲ့မှတ်တမ်း

အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာတစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာ နေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်း သွားပြီး ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ် ထားတဲ့ မေတ္တာ တရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့ သုံးနှစ် အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့ ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေး တစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေး အပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊ သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့ အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီ ဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန် ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲ တွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏ သွားနားတာက လွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှား နေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယ နမ်းနေတယ်။ ပုစဉ်းရင်ကွဲ တစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ် ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေး ကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန် ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ ဆရာဝန် ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီး ရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..