ြ
မြတ်နိုးမိတယ် ….ချစ်ခြင်းများစွာဖြင့်….
အနမ်းလေးပေးချင်တယ် ပါးချိုက်လေးပေါ်သို့…
မရှက်ပါနဲ့ ချစ်သူ…. ဖွဖွလေးပါ…
ကိုယ် မျှော်နေတတ်ပြီ …
သူ့အပြုံးပေါ်က ပါးချိုက်လေး သို့…
နေ့တိုင်းမြင်ခွင့်ရချင်တယ် …
မြတ်နိုးခွင့်လည်း အမြဲရချင်ခဲ့တယ်….
ဒီအကြောင်း တွေ ချစ်သူ သိပါစေ ….
နေ့ဖက်ဆို သတိရတယ် …
ညဖက်ဆို လွမ်းမိတယ်….
ပါးချိုက်းလေးရှိတဲ့ သူ့ပါးပြင်လေး သို့
ဖြစ်နိုင်ရင် ကိုယ့် အနားအမြဲနေပေးပါ …ချစ်သူ
ထပ်ပြီး မဝေးချင်တော့လို့ပါ …
ထပ်ဝေးလို့ ထပ်လွမ်းရင် …???
တကယ်လို့များ ပြန်မဆုံးဖြစ်ကြရင် ….
သူ့နှလုံးသားမှာ ကိုယ့်မြတ်နိုးခြင်းတွေ ရှိမှ ရှိပါ့မလား….ချစ်သူ
Wednesday, April 28, 2010
မြတ်နိုးမိတဲ့ ပါးချိုက်လေး
Posted by lovelyvirus at 7:59 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment