ပြုံးလိုက်တိုင်း စွဲမက်စေတဲ့ မင်းပါးပြင်ထက်က ပါးချိုက်လေးသို့ အမှတ်တမဲ့ မှ အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ သိပ်ချစ်စရာ ကောင်းတဲ့ အပြုံးပိုင်ရှင်လေးရယ် ပါးချိုက်လေးပေါ်အောင် တအားမပြုံးမိပါစေနဲ့ သူတစ်ပါးမြင်မှာကို စိုးရိမ်လွန်းလို့ပါ ။ ကိုယ်ရင် ထဲက ဒီပါးချိုက်လေး အတွက် အမြဲထာဝရ ပီတိ ဖြစ်နေရတာပါ ။ တစ်နေ့ တစ်နေ့ စိုးရိမ်တယ် စိတ်ပူတယ် စိတ်မချခြင်းများနဲ့သာ သူ့အတွက် စိတ်မောနေရတယ် ။
သူသွားပါတော့မည် ။ ခွဲခွါရတော့မည် ။ စိတ်တော့ မကောင်းဖြစ်မိတယ် … ကိုယ့်မှာဖြင့် ချစ်လို့တောင် မ၀ တဲ့ ဘ၀… သူ သိနိုင်ပ့ါ မလား …. ချစ်တာမှ သိပ်ချစ်တယ် … စကားဖော်ပြဖို့ဆို dictionary ဆွေးသွားလိမ့်မယ် … တစ်ချိန်တုန်းက အများက ရှုပ်တဲ့လို့ပြောကြတဲ့ ကျွန်တော် သူ့အတွက် ကျွန်တော့် ကိုယ် ကျွန်တော် ကြိမ်ဆိုပါတယ် ‘ချစ်တယ်’ ဆိုတဲ့စကားကို ဘယ်မိန်းခလေးမှ မပြောတော့ပါဘူး လို့ …. ကျွန်တော် သိပ်ချစ်ရသော သူ့ အတွက် …..
တစ်နယ်ဆီ ဝေးတဲ့ အခါ လွမ်းတဲ့အခါ ဘယ်လို ဖြေသိမ့်ရမလဲ? ကျေးဇူးပြုပြီး ဖြေကြားပေးခဲ့ပါ ချစ်သူ…
စိုးရိမ်စိတ်တွေက နေရာမရွေးပါ ချစ်သူ … ဘယ်နေရာ ရောက် ရောက် သူအတွက် စိတ်ပူမိတယ် … အခု တစ်မြို့တည်းတောင် ဒီလောက် စိတ်ပူနေရရင် နောက် နောင် အချိန်တွေ အကြာကြီးခွဲ ရတဲ့ အခိုက်အတန့်ကို ဘယ်လို ရှေ့ဆက် ရဦးမလဲ …ခွဲခွါရတဲ့ အခိုက်အတန့် အတွင်း အလွမ်းတွေချရေးဖို့ မှင် နဲ့ စာရွက်တွေသာ ကုန်သွားလိမ့်မယ် ကုစားပေးပါ ချစ်သူ...
အလွမ်းတွေ ထပ်မကြွင်းအောင် မင်းအချစ်နဲ့ ပြတ်အောင် စား (divide) ပစ်လိုက်စမ်းပါ ချစ်သူ... အလွမ်းမကြွင်းတဲ့ ချစ်ခြင်းနဲ့ မင်းကို ထာဝရ မြတ်နိုးပါရစေ…
Monday, April 26, 2010
မေ့မရတဲ့ ပါးချိုက်လေး
Posted by lovelyvirus at 10:22 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment